ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းမှာ ပြည်သူနှစ်သန်းကျော် ရေဘေးသင့်၊ အခြေအနေ ပိုမိုဆိုးရွားလာနိုင်

 

ဒါကာ ၊ ဇွန်-၂၂-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှုနဲ့ မြစ်ညာကနေ ရေတွေကြောင့် ဘင်္ဂလားဒေရှ် အရှေ့မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူ နှစ်သန်းကျော် ရေဘေးသင့်နေပြီး အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကလေးငယ် ခုနှစ်သိန်း ခုနှစ်သောင်းကျော်အပါအဝင် ပိတ်မိနေသူတွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြောပါတယ်။

ကလေးသူငယ်တွေအနေနဲ့ ရေနစ်တာ၊ အာဟာရချို့တဲ့တာ၊ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ အိုးမဲ့အိမ်မဲ့အခြေအနေကြောင့် အခြေခံကျန်းမာရေး လိုအပ်ချက်ရှိလာနေပြီး အန္တရာယ်မြင့်မားနေကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ယူနက်ဆက်ဖ် ဌာနကိုယ်စားလှယ် ရှယ်ဒန်ယတ်က ပြောပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း အဲဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ကုန်မြင့်ဒေသတွေမှာ မြေပြိုမှုတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာလည်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရိုဟင်ဂျာရှစ်ယောက်အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း အိနိ္ဒယနိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။

Ref:Reuters
Photo: Reuters

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ရေဘေး #လူနှစ်သန်း #ရေဘေးသင့်

Related posts

Leave a Comment

VOM News

FREE
VIEW