ဘင်္ဂလားဒေ့ရှ်မှာ လူအများအပြားကို ကွပ်မျက်ပြီး စာအုပ်ရေးသား ထုတ်ဝေခဲ့တဲ့ အာဏာပါးကွက်သား သေဆုံး

 

ဒါကာ၊ ဇွန်-၂၅-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေမိန်ချခံရတဲ့ လူသတ်သမားတွေနဲ့ နိုင်ငံရေးသမားတွေကို အများဆုံးကြိုးပေးကွပ်မျက်ခဲ့ပြီး ဒီအကြောင်း အသေးစိတ် စာအုပ်တအုပ်ပါ ရေးသားခဲ့တဲ့ အာဏာပါးကွက်သားတယောက်ဟာ ပြီးခဲ့တဲ့နေ့က သေဆုံးသွားပါတယ်။

အသက် ၇၄ နှစ်အရွယ် ရှာဂျာဟန်ဘွီယန်ဆိုသူဟာ ရင်ဘတ်အောင့်ဝေဒနာ ခံစားရပြီးနောက် မြို့တော်ဒါကာမှာ ဆေးရုံတင်ခဲ့ပေမယ့် ဆေးကုသနေစဉ်အတွင်း သေဆုံးသွားတယ်လို့ ဆရာဝန်တွေက အတည်ပြုပြောဆိုပါတယ်။

ဘွီယန်ဟာ လူတွေကို ကွပ်မျက်မှု ၂၆ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အချို့သောအစီရင်ခံစာတွေမှာတော့ သူဟာ အကြိမ်ပေါင်း ၆၀ ထိကွပ်မျက်မှုပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

တော်လှန်ရေးသမားဟောင်းဖြစ်တဲ့သူဟာ ဓါးပြတိုက်မှု၊ လူသတ်မှုအတွက် ထောင်ဒဏ် ၄၂ နှစ်ကျခံနေပြီးနောက် ကွပ်မျက်မှုကိုလုပ်ပေးရတဲ့ အာဏာပါးကွက်သားတယောက်ဖြစ်လာပြီး ဒီအတွက် ထောင်ကနေ ၁၀ နှစ်စောပြီး ပြီးခဲ့တဲ့နှစ်က လွတ်မြောက်ခဲ့ပါတယ်။

သူ့လက်ချက်နဲ့ ကွပ်ချက်ခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်လက်ရှိဝန်ကြီးချုပ်ရဲ့ ဖခင်ဖြစ်သူကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ စစ်ဘက်အရာရှိတွေ၊ အခြားနိုင်ငံရေးသမားတွေ၊ လူသတ်သမားတွေလည်း ပါဝင်ပါတယ်။

ကြိုးဆွဲချ ကွပ်မျက်ခြင်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ရှင်းလင်းချက်တွေအပါအဝင် သူ့ရဲ့ အတွေ့အကြုံများအကြောင်း စာအုပ်တအုပ်ကို ယခုနှစ်အစောပိုင်းမှာ ထုတ်ဝေခဲ့ပြီး လူအများစိတ်ဝင်စားခဲ့ကြပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ကွပ်မျက်မှု #အာဏာပါးကွက်သား #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW