ကျောက်မဲမှာ လက်နက်ကြီးကျလို့ မိသားစုတစုက ငါးယောက်သေပြီး လေးယောက်ဒဏ်ရာရ

 

ဇွန် ၂၉၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ၁ ကွက်၊ အုတ်ကျင်းရပ်မှာ ဇွန်လ ၂၈ ရက်နေ့ လက်နက်ကြီးကျလို့ မိသားစုလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အိမ်နားလေးက အသိတွေပါ။ အိမ်ရှေ့မှာ မိသားစုနဲ့ အမျိုးတွေ စကားထိုင်ပြောနေကြတုန်း လက်နက်ကြီး ကျလာတာပါ။ ယူကြုံး မရဖြစ်ရပါတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ကလေးလေးတွေပါ ပါနေပြီး အသက်ရှင်နေသေးတဲ့ သူတွေကိုတော့ တတ်နိုင်သလောက် ချိတ်ဆက်ပြီး ဆေးကုရမယ့် နေရာပို့ခဲ့ ကြောင်း ကူညီပေးခဲ့သူ တယောက်က ပြောပါတယ်။

အမျိုးသား တယောက် နဲ့ အမျိုးသမီး လေးယောက်သေဆုံးပြီး တခြား လေးယောက်ခန့်လည်း ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် ကျောက်မဲမြို့ ၈ ကွက်၊ အ.လ.က ၃ ကျောင်း အနီးမှာလည်း အမျိုးသား တယောက် ဒဏ်ရာရ ရရှိခဲ့ကြောင်း အကူအညီမပးနေသူတွေဆီက သိရပါတယ်။

ယမန်နေ့ တစ်ရက်ထဲမှာပဲ ကျောက်မဲမြို့ ပေါ် ရှိဒဏ်ရာရ အလောင်း ခြောက်လောင်း၊ ကျောက်မဲမြို့ ၈ ကွက် အနီးဝန်းကျင် ဒဏ်ရာရ အလောင်း လေးလောင်းကို နမ့်ခုံးရှမ်းများပရဟိတ အသင်းက အေးချမ်းသာ သုသာန်ကို ကူညီ ပို့ေဆာင် သင်္ဂြိုလ်ခဲ့ကြောင်း အဲဒီ အသင်းရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

“မနေ့က ကျောက်မဲကို လေယာဉ်နဲချနေတာ။ကျောက်မဲမြို့ပေါ် က မရှောင်နိုင်သူတွေ အိမ်ထဲမှာပဲ နေကြတာ ကောင်းပါတယ်။ အလုံးစုံ မကာကွယ်နိုင်ရင်တောင် နည်းနည်းသက်သာနိုင်ပါသေးတယ်။ မဟုတ်ရင်လည်း မြို့ထဲ နည်းနည်း ဘေးကင်းနိုင်တဲ့နေရာ လှည့် ရှောင်ပေါ့” လို့ ဒေသခံ အမျိုး သမီး တယောက်က ပြောပါတယ်။

မနက် အစောပိုင်းက ကျောက်မဲ ၂ မိုင်ကုန်းအနီး ဘက် တိုက်ပွဲ ဖြစ်ပွားမေတာ ရှိပြီး ယမန်နေ့က တိုက်ပွဲကြောင့် အင်ကြင်းတောင်ကျောင်းအနောက်ဘက် ၈ ရက်ကွက် ပန်ဟတ် နဲ့ မျက်နှာခြင်းဆိုင်က နေအိမ်ပျက်စီး၊ မြောက်ကုန်း ရွှေကျင်ကျောင်း သုံးထပ်ဆောင်ကျောင်းတိုက် မှာလည်း လက်နက်ကြီးထိမှန် ပျက်စီးပြီး ယမန်နေ့ နေ့လယ်ပိုင်းက မိုးကောင်းကျောင်းတိုက် နဲ့ ဝေဠုဝန် ကျောင်းတိုက် လမ်းကြား အထက ၁ ဘေးမှာ လည်း လက်နက်ကြီး တလုံးကျကွဲ၊ ၈ ရပ်ကွက် ထုံးဖိုက အိမ်တအိမ်ပေါ်လည်း လေယာဉ်ဗုံးကျလို့ ယောက်ကျားလေး တယောက် ထိခိုက်ဒဏ်ရာရပြီး အိမ်ထိခိုက်သွားခဲ့က ယမန်နေ့ညက တံခွန်တိုင် အဝင်နား လေယာဉ်ပျံ ဗုံးကြဲခံရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ကျောက်မဲမြို့ ၈ ကွက်၊ ကန်မိန်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင် ပြည်သူတွေနဲ့ သံဃာတော်တွေကို ဘေးလွတ်ရာ တခြားတနေရာကို ပြောင်းရွှေ့ထားခိုင်းကြောင်း၊ ကျောင်းစောင့်သံဃာတော်အနည်းငယ်သာကျန်ရှိတော့မှာဖြစ်ကြောင်း၊ ကျောက်မဲ ပြည်သူ့ဆေးရုံမှာလည်း ဆရာဝန်၊ဆရာမတွေ မရှိတော့တဲ့ပြင် လူနာတွေကိုလည်း ဘေးလွတ်ရာ ရှောင်ထားခိုင်းရကာ ကျောက်မဲမြို့ပေါ်က ဒေသခံ ၂၀ ရာခိုင်နှုန်းခန့်ပဲ တိုက်ပွဲ လွတ်ရာ ရှောင်တိမ်း နိုင်သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲ ရှောင်သွားတဲ့ နေအိမ် သုံးအိမ် ဖောက်ထွင်း ခိုးယူခံရတာရှိေကြာင်း၊ မကြာခင် ဖုန်း လိုင်း တွေလည်း ပြတ်တောက်သွား နိုင်ေကြာင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ ဇွန်လ ၂၉ ရက်နေ့ မနက် ၁ နာရီ မထိုးခင် အထိ လက်နက်ကြီး ပစ်ခတ်သံ ကြားရပေမယ့် ဒီမနက် ၆ နာရီ ဝန်းကျင်မှာတော့ ငြိမ်သက်နေပြီး ဈေးဝယ်ထွက်သူတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ကစ ကျောင်မဲ၊ နောင်ချို နဲ့ မိုးကုတ်တွေမှာ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ကျော့ပြန် စစ်ဆင်ရေးဖြစ်တဲ့ ရှမ်းမန်း စစ်ဆင်ရေးကြောင့် နစက တပ်ဖွဲ့နဲ့ TNLA ပူးပေါင် တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံများ၊ နမ့်ခုံးရှမ်း

#voiceofmyanmar #VOM #ကျောက်မဲ #လက်နက်ကြီးကျ # မိသားစုလိုက် #ထိခိုက်ဒဏ်ရာရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW