ဟဇ်ဘိုလာနဲ့တင်းမာနေတဲ့ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ နောက်ထပ်စေလွှတ်ပြီ

 

တဲလ်အဗစ်၊ ဇွန်-၂၉-၂၀၂၄
မျိုးဆက်(VOM)

ဟဇ်ဘိုလာအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ပြီး တင်းမာမှုတွေမြင့်တက်နေတဲ့ လက်လနွန်နယ်စပ်ကို နောက်ထပ် အစ္စရေးတပ်ဖွဲ့တွေ ထပ်မံစေလွှတ်ထားကြောင်း အစ္စရေးအခြေစိုက် သတင်းဌာနတွေကဆိုပါတယ်။

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့အပေါ် စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ အဆောက်အအုံတခုကို ပြီးခဲ့တဲ့နေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုပါတယ်။

ဂါဇာစစ်ပွဲအပါအဝင် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ ထပ်မံစေလွှတ်ဖြန့်ကြက်နေတာဖြစ်ပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံကြောင်းပြတဲ့အနေနဲ့ အစ္စရေးနယ်စပ်မှာ တိုက်ခို်ကမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ အစ္စရေးစစ်တပ်ဟာ ဟဇ်ဘိုလာတို့အပေါ် စစ်ဆင်ရေးလုပ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရကလည်း ပေးပို့မှုရပ်ဆိုင်းထားတဲ့ ဗုံးတွေကို အစ္စရေးအတွက် ပြန်လည်ပေးပို့နိုင်တယ်လို့ အမေရိကန်သတင်းဌာနတွေက ဆိုပါတယ်။

တိုက်ပွဲများပြင်းထန်လာနိုင်တဲ့ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားဖို့ လက်နက်များလိုအပ်ကြောင်း အစ္စရေးတာဝန်ရှိသူတွေကလည်း ပြောပါတယ်။ ဒါအပြင် အစ္စရေးနဲ့ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးမအောင်မြင်ပါက လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ကြီးမားတဲ့ ပဋိပက္ခဖြစ်လာနိုင်ခြေအပေါ် အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြပါတယ်။

Ref: NHK
Photo:IDF

#Voiceofmyanmar #VOM #အစ္စရေး #လက်ဘနွန် #ဟဇ်ဘိုလာ #စစ်အင်အားဖြည့်

Related posts

Leave a Comment

VOM News

FREE
VIEW