တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားသမ္မတ ပူတင်ပြော

 

မော်စကို၊ ဇွန်-၃၀-၂၀၂၄
မျိုးဆက်(VOM)

ရုရှားအနေနဲ့ တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ထုတ်လုပ်တာကို ပြန်လည်စတင်ဖို့လိုအပ်ပြီး ဘယ်နေရာမှာ ဖြန့်ကြက်ချထားမယ်ဆိုတာ စဉ်းစားဖို့လိုပြီလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီအဆိုပြုချက်ဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် ဒိန်းမတ်အပါအဝင် အခြားနိုင်ငံတွေကို တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ယူဆောင်လာတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို တန်ပြန်အရေးယူဖို့ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သမ္မတပူတင်ကပြောပါတယ်။

ဒါဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေကို ဖိအားပေးထိန်းချုပ်ဖို့ ဒါကိုခုတုံးလုပ်တာဖြစ်တယ်လို့ စစ်ပွဲလေ့လာရေးအင်စတီကျုက သုံးသပ်ပြောဆိုပါတယ်။

တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေး စာချုပ်အရ အမေရိကန်နဲ့ ရုရှားတို့ဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အတွင်းပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် ထုတ်လုပ်ခြင်း သို့မဟုတ် စမ်းသပ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

ဒီသဘောတူညီချက်ကတော့ နှစ်နိုင်ငံအကြား ၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ရုရှားကတော့ အမေရိကန်က အဲဒီလက်နက်အမျိုးအစားတွေကို မဖြန့်ကြက်မချင်း သူကလည်းထုတ်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Ref: NHK
Photo:PA Media

#Voiceofmyanmar #VOM #ရုရှား #ဒုံးကျည် #တာတို #တာလတ် #ထုတ်လုပ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW