ရုရှားထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ အမေရိကန်က ဂျာမနီမှာ ဖြန့်ကြက်တော့မယ်

 

ဝါရှင်တန်၊ ဇူလိုင်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ရုရှားထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို ၂၀၂၆ ခုနှစ်အတွင်း ဂျာမနီမှာ ဖြန့်ကြက်သွားမယ်လို့ အမေရိကန်နဲ့ ဂျာမနီတို့က ပူးတွဲကြေညာလိုက်ပါတယ်။

အမေရိကန်ဟာ ဥရောပမှာ လက်ရှိမြေပြင်အခြေစိုက် လက်နက်စနစ်ထက် သိသိသာသာ ပိုမိုပစ်ခတ်နိုင်တဲ့ တွမ်မဟော့ခ်ဒုံးကျည်တွေနဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေအပါအဝင် ဒုံးကျည်တပ်ဖွဲ့တွေကို ဂျာမနီမှာ စတင်ဖြန့်ကြက်သွားမှာဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက် ရုရှားထိရောက်ရှိပစ်ခတ်နိုင်တဲ့ အမေရိကန်ရဲ့ တာဝေးပစ်လက်နက်တွေ ဂျာမနီမှာ ပထမဆုံး ဖြန့်ကြက်မှုလည်းဖြစ်တယ်လို့ ဂျာမနီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ဆုံးဖြတ်ချက်အပေါ် ဂျာမနီဝန်ကြီးချုပ် အိုလုပ်ရှုဇ်က ကြိုဆိုလိုက်ပြီး ရုရှားရဲ့လက်နက်တွေဖြန့်ကြက်မှုကို တန်ပြန်ရန်အတွက် အဲဒီလိုလက်နက်တွေလိုအပ်ပြီး ဒါဟာ ရုရှားအပေါ် ဟန့်တားမှုကို တိုးမြှင့်နိုင်တယ်လို့ သူကပြောပါတယ်။

ဂျာမနီမှာဖြန့်ကြက်မယ့် ဟိုပါဆိုးနစ်ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ၂၇၀၀ ထိရောက်ရှိပစ်ခတ်နိုင်ကြောင်း အမေရိကန်ကွန်ဂရက်သုတေသနဌာနက ပြောပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ရာထူးပြန်လည်ရရှိပါက ဒီဖြန့်ကြက်မှုအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းနိုင်တယ်လို့ ဂျာမနီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:BBC
Photo:US Army

#Voiceofmyanmar #VOM #အမေရိကန် #တာဝေးပစ်လက်နက် #ဂျာမနီ #ဖြန့်ကြက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW