ရုရှားပြည်တွင်း ပစ်မှတ်တွေကိုတိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးရေး နေတိုးအဖွဲ့ကို ယူကရိန်းသမ္မတ တောင်းဆို

 

ကိဗ်ယက်၊ ဇူလိုင်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ရုရှားပြည်တွင်းက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် တာဝေးပစ်လက်နက်အသုံးပြုခွင့်ပေးဖို့ နေတိုးအဖွဲ့ကို ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

“စစ်ပွဲမှာ ငါတို့အနိုင်ရချင်တယ် ။ အနိုင်ရရင် နိုင်ငံကိုကာကွယ်နိုင်ပြီ ဒီလိုကာကွယ်နိုင်ဖို့ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးဖို့လိုတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက နေတိုးထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။

ယူကရိန်းအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၄၃ ဘီလီယံတန်ဖိုးရှိ စစ်ရေးအထောက်အပံ့တွေ နေတိုးအဖွဲ့က ပေးဖို့ ဆုံးဖြတ်ချက်အပြင် ထောက်ပံ့မှုနဲ့ လေ့ကျင့်ရေးတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေး ယူနစ်ထားရှိမယ့်အတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။

ယူကရိန်းအတွက် အမေရိကန်၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့က အက်ဖ်-၁၆ တိုက်လေယာဉ်တွေ အပါအဝင် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့လည်း တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ကတိပြုခဲ့ပါတယ်။

ဒါအပြင် ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် နောက်မပြန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာဂ်က ပြောဆိုပါတယ်။

လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းနယ်စပ်တွေမှာ ထိုးစစ်အရှိန်မြှင့်နေပြီး မကြာသေးမီကလည်း ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပိုမိုတိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒီရန်တွေကို ကာကွယ်ဖို့ ခေတ်မီလေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပေးအပ်ဖို့ မဟာမိတ်တွေဆီက တောင်းဆိုထားပါတယ်။

Ref: NHK
Photo:RFE/RL

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ပစ်မှတ် #တာဝေးပစ်ဒုံးကျည် #အသုံးပြုခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW