မလေးရှားပို့မယ့် ကျပ် ၉၆ ဘီလီယံတန်ဖိုး မူးယစ်ဆေးတွေ ဖျာပုံမှာ ဖမ်းမိပြီး လူ၁၂ ယောက်ကို ဖမ်းဆီးထား

 

ဩဂုတ် ၃ – ၂၀၂၄
CC (VOM)

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ မလေးရှားနိုင်ငံကို ပို့မယ့် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၂ . ၃ တန်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar ကသိရပါတယ်။

ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းထဲမှာမောင်းလာတဲ့ ကုန်တင်စက်လှေကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးခဲ့ရာကနေ အမျိုးသားငါးယောက်နဲ့အတူ အိုက်စ်တွေကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိသူတွေကိုထပ်မံစစ်ဆေးခဲ့ရာ ပူးပေါင်းပါဝင်သူ အမျိုးသား ခုနှစ်ယောက် အပြင် သေနတ်တ လက်၊ကျည်အိမ် တခု၊၉မမကျည် ၅၀ တောင့်၊ကားလေးစီးနဲ့ငွေသား သိန်း၁၉၀ ကိုပါ ရန်ကုန် ၊ပြင်ဦးလွင်၊ဖျာပုံမြို့နယ်တွေမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

” ကျွန်တော်တို့လည်းသတင်းကြားပါတယ်။ရပ်ဖို့တားတာကိုမောင်းပြေးလို့စစ်တာမှာ မိတာ။စက်လှေပိုင်ရှင်က ရန်ကုန်ကပါ။လှေပေါ်ကမိတာ ငါးယောက်။လှေပိုင်ရှင်ပါထပ်မိတယ်သိရတယ် ” လို့ ဖျာပုံဒေသခံတယောက်ကပြောပါတယ်။

စက်ေလှပေါ်ကနေ ဖမ်းဆီးရမိသူတွေက ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန် ၊ ဆိတ်ဖေ ဆိုသူတို့ဖြစ်ပြီး ထပ်မံဖမ်းဆီးရမိသူတွေက စက်လှေပိုင်ရှင် ဦးလှမောင်ကြီး နဲ့ ထွန်းအောင်၊သန်းဌေး(ခ)အရှည်ကြီး၊ ဇော်သိန်းလှိုင်၊မင်းမျိုးထွန်း၊အောင်ဆင့်ထွန်း၊ထိန်လင်းအောင် တို့ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ဖမ်းမိတဲ့ အိုက်စ်တွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်ကိုသယ်ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ် ။

လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက် စစ်ဆေးဖော်ထုတ်နေကြောင်း ၊ အမှုမှာ ဆက်စပ်ပါဝင်သူတွေရဲ့ ငွေကြေးအကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလမှာလည်း ရန်ကုန်၊ မန္တလေး ၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေကနေ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၁၁၀ ကျော်နဲ့ ဘိန်းဖြူအလေးချိန် ၁၈၀ ကီလိုကျော် ၊ဘိန်းစိမ်း ၊ဘိန်းဆီခဲ၊ အိုက်စ် မူးယစ်ဆက်စပ်ပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmarစာရင်းအရ သိရပါတယ်။

ဇူလိုင်လနဲ့ ဇွန်လထဲမှာလည်း အိုက်စ်၊မူးယစ်ဆေးဝါး၊ဘိန်းစိမ်း အပါအဝင် အများအပြားဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

#Voiceofmyanmar #vom #အိုက်စ် #၆၉ဘီလီယံ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW