ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နန်းတော်ကို ဆန္ဒပြသူတွေ ဝင်စီးပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တိမ်းရှောင်နေရ

 

ဒါကာ၊ ဩဂုတ်-၅-၂၀၂၄
မျိုးဆက်(VOM)
ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ နန်းတော်ကို ဒီနေ့ဝင်ရောက်စီးနှင်းခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာ နန်းတော်ကနေ ထွက်ပြေးသွားပြီးလို့ သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။

“သူမ လုံခြုံတဲ့နေရာမှာရှိနေပါတယ်။ နန်းတော်က ထွက်ခွာသွာပြီ ”လို့ အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ နီးစပ်သူတယောက်က အေအက်ဖ်ပီကို ပြောပါတယ်။ ဒီအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ Waker-Uz-Zaman က မိန့်ခွန်းပြောကြာဖို့ရှိနေတယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို ဝင်မစီးခင် ဒါကာမြို့လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံအာဏာကို နှစ်ရှည်လများရယူခဲ့တဲ့ဝန်ကြီးချုပ် ဟာစီနာ နှုတ်ထွက်ရေး ကျောင်းသားများဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်များက အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုမယ်လို့ ကြေညာထားပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေကြောင့် လူ ၉၀ ကျော်သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ ၁၃ ယောက်လည်းပါဝင်ပြီး မြို့တော်ဒါကာတွင် နာရီပေါင်းများစွာ အင်တာနက်ဖြတ်တောက်ထားပါတယ်။

ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရဝန်ထမ်းအလုပ်ကိုင် ခွဲတမ်းကြောင့် ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအသွင် ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၂၈၀ ထက်မနည်း သေဆုံးခဲ့ပြီး သောင်းနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံထားရကာ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက တိုက်တွန်းထားပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဝန်ကြီးချုပ်နန်းတော် #စီးနင်းခံရ #ဟာစီနာ

Related posts

Leave a Comment

VOM News

FREE
VIEW