လားရှိုး ရမခ တိုက်ပွဲမှာ နစက စစ်တပ် အရာရှိ သုံးယောက်ကို MNDAA ဖမ်းဆီး

 

ဩဂုတ်လ ၅၊ ၂၀၂၄
Shy V (VOM)

လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ နစက တပ် အရာရှိ သုံးယောက်ကို ဖမ်းဆီးထားကြောင်း MNDAA ဘက်က ပုံနဲ့ တကွ တရုတ်စာနဲ့ ရေးထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ရဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး နဲ့ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့ဖြစ်ကြောင်း အဲဒီ ထုတ်ပြန်ချက် စာရွက်မှာ ပုံနဲ့ တကွ ဖော်ပြထားပါတယ်။

အဲဒီ အရာရှိတွေ တယောက်ချင်း လက်ရှိ တာဝန် ထမ်း ဆောင် ကွပ်ကဲ နေတဲ့ တပ်၊ စခန်းတွေကိုလည်း ဖော်ပြထားပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရက အရာရှိကြီးများနဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲ အထိ အချိန်အထိ ဆက်သွယ်မှုရရှိခဲ့ပြီး အခုချိန်ထိ ဆက်သွယ်မှု ပြတ်တောက်နေကြောင်း၊ အတည်ပြုတဲ့ သတင်းများအရ အရ အရာရှိကြီး အချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်းကြောင်း သိရတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

လားရှိုး ရမခ တိုက်ပွဲမှာ နစက တပ် ဘက်က ဖမ်းဆီးခံရတာတွေရော၊ လက်နက်ချတာတွေရော အားလုံး အယောက် ၁၀၀၀ ကျော် ရှိကြောင်းလည်း သတင်းထွက်ပေါ်နေပေမယ့် VOM အနေနဲ့ အတည် မပြုနိုင်သေးပါဘူး။

ဩဂုတ်လ ၃ ရက်ညမှာတော့ တိုင်းရုံးနဲ့ နီးတဲ့ ဗျူဟာလမ်းဘက်မှာ လေကြောင်း ဗုံးကြဲခံရပြီး နေအိမ် တချို့ မီးလောင်ပျက်စီးသွားတယ်လို့ ကြားရကြောင်း စစ်ရှောင် ဒေသခံ တယောက်က ပြောပါတယ်။

ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ကစ လားရှိုးမြို့တွင်း အခြေအနေ ငြိမ်လာတဲ့ ရပ်ကွက်တွေမှာတော့ ရပ်ကွက်တွင်း သန့်ရှင်းရေးတွေ စလုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြို့တွင်း နေရာတော်တော်များများ လက်နက်ကြီးနဲ့ လေကြောင်း ဗုံး ကြောင့် နေအိမ်၊ အဆောက်အဦး တော်တော် များများ တွေ့ရသလို လက်နက်ထိမှန် သေဆုံးနေတဲ့ ပြည်သူတွေရဲ့ အလောင်း တချို့လည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ MNDAA နဲ့ ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တလ အကြာဩဂုတ်လ ၃ ရက်နေ့မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ နေရာတွေကို MNDAA နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Photo Crd#MNDAA
#voiceofmyanmar #VOM #လားရှိုး #တိုက်ပွဲ #နစကအရာရှိသုံးယောက် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW