ကာလိမြို့က လားရှိုး စစ်ရှောင် ၅၀၀ ကျော် အခင်း၊ စောင်၊ ခြင်ထောင် တွေ အရေးပေါ် လိုအပ်နေ

 

ဩဂုတ် ၆၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိ မြို့နယ်ခွဲက လားရှိုး စစ်ရှောင် ၅၀၀ ကျော် လက်ရှိ အခင်း၊ စောင်၊ ခြင်ထောင် တွေ အရေးပေါ် လိုအပ်နေကြောင်း ‌‌ေဒသခံတွေ ဆီက သိရပါတယ်။

“အရေးပေါ်ဆိုလို့ ရှိရင်တာ့ ခြင်ထောင် လိုမှာပေါ့ နော်။ သက်ကြီး ရွယ်အို တွေ ဆိုလို့ ရှိရင် အိပ် ယာခင်း နည်းနည်း ထူတာ လိုမယ်။ ဘာဖြစ်လို့ လဲ ဆိုတာ့ ကွန်ကရစ်အခင်းမှာ အိပ်နေရလို့လေ။ အခင်းပါးပဲ ခင်းပြီး အိပ်နေရတာ။” လို့ စစ်ရှောင်စခန်း သွားရောက်ခဲ့တဲ့ ဒေသခံ တယောက်က ပြောပါတယ်။

စစ်ရှောင် လူဦးရေ ၅၀၀ ကျော် ရှိပြီး သက်ကြီးရွယ်အို ပိုများကာ မသန်စွမ်းတာ့ တယောက်ပဲ မြင်ခဲ့ တယ်လို့ သူက ပြောကါတယ်။

ဈေးမဖွင့်ရသေးတဲ့ ကာလိမြို့ရဲ့ ဈေးသစ်က ဆိုင်ခန်းတွေမှာ ရှမ်း အဖွဲ့အစည်းတွေက စစ်ရှောင်တွေ လာနေလို့ရအောင် နေရာ စီစဉ် ပေးထားတယ်လို့ သူက ရှင်းပြပါတယ်။

“အဓိက လိုအပ်ပြီး လှူ သူမရှိသေးတာက စောင်၊ အခင်း၊ ခြင်ထောင်ပါရှင့်။ အခုတော့ စစ်ရှောင် လူဦးရေ ၅၀၀ ကျော်ရှိပါတယ်။ ဆန်၊ ဆီ၊ ဆား တွေက လှူထားသူတွေ ရှိပါတယ်။ သက်ကြီးရွယ်အို လည်းများ ပါတယ်။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ကျန်းမာရေးနဲ့ ပညာရေး တွေကို ကာလိမြို့က သက်ဆိုင်ရာ အဖွဲ့ အစည်း၊ ဌာန တွေနဲ့ ချိတ်ဆက်ထားတာ ရှိပြီး ကူညီပေးနေတာ ရှိတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုးမြို့မှာ MNDAA နဲ့ ပူးပေါင်း အဖွဲ့ ထိုးစစ်ဆင်လာကာ မြို့ထဲ MNDAA ပူးပေါင်း တပ်ဖွဲ့နဲ့ နစက တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်လာပြီး လားရှိုး ဒေသခံ ပြည်သူ သိန်းချီ တိုက်ပွဲ ဘေးလွတ်ရာ နေရာ အနှံ့အပြားမှာ စစ်ဘေး ရှောင်နေကြရတာဖြစ်ပါတယ်။

Photo Crd# Kh Ch Th

#voiceofmyanmar #VOM #ကာလိမြို့ #လားရှိုးစစ်ရှောင်# ၅၀၀ကျော် #အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW