တောင်ကိုရီးယားနယ်စပ်ကို ဒုံးပစ်လောင်ချာ ၂၅၀ မြောက်ကိုရီးယား ဖြန့်ကြက်မယ်

 

ပြုံးယမ်း၊ ဩဂုတ်-၆-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားစစ်တပ်ဟာ တောင်ကိုရီးယားနယ်စပ်အနီးရှိ ရှေ့တန်းစခန်းတွေမှာ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်လောင်ချာ ၂၅၀ ်ကြက်သွားမယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြပါတယ်။

မနေ့က ပြုလုပ်တဲ့ ဒုံးကျည်စနစ်သစ်တွေ စစ်တပ်ကို လွှဲပြောင်းတဲ့အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်နဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေအတွက် ဒုံးပစ်လောင်ချာအများအပြား ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်အပေါ် ထိပ်တိုက်ရင်ဆိုင်ရေးမူအပေါ် ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် မြောက်ကိုရီးယားရဲ့ အဟန့်အတား ပိုမိုခိုင်မာအားကောင်းဖို့ ကင်ဂျုံအန်က အလေးပေးပြောဆိုခဲ့ပါတယ်။

ဇူလိုင်လအတွင်းက နိုင်ငံအချို့ဒေသတွေမှာ ရေဘေးသင့်ခဲ့ပေမယ့် ဘယ်လိုအခြေအနေမျိုးမဆို ရပ်နေမှာမဟုတ်ဘဲ ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင်သွားမယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ဖျက်အားပြင်း တာတိုပစ်ဒုံးကျည်ဖြစ်တဲ့ ဟွာဆောင်-၁၁ ကို ဇူလိုင်လအတွင်းမှာ ပစ်ခတ်စမ်းသပ်မယ်လို့ အစောပိုင်းက ပြောကြားထားပေမယ့် ခုချိန်ထိ ပစ်ခတ်ခြင်းမရှိသေးတဲ့ပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိနဲ့စောင့်ကြည့်နေကြပါတယ်။

Ref:NHK
Photo:AFP/Getty Images

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #ဒုံးပစ်လောင်ချာ၂၅၀ #တောင်ကိုရီးယားနယ်စပ် #ဖြန့်ကြက်

Related posts

Leave a Comment

VOM News

FREE
VIEW