ဘင်္ဂလားဒေ့ရှ် ပါလီမန်ကို ဖျက်သိမ်းပြီ ၊ စစ်တပ်ဦးဆောင်တဲ့အစိုးရ လက်မခံဘူးလို့ ကျောင်းသားတွေပြော

 

ဒါကာ၊ ဩဂုတ်-၆-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်စီနာ ရာထူးကနေနုတ်ထွက်ကာ ပြည်ထွက်ပြေးပြီးနောက် စစ်တပ်က နိုင်ငံကို ထိန်းချုပ်ထားပြီး အခြေအနေတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံတွေကု စောင့်ကြည့်နေကြပါတယ်။

မနေ့က ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို ဝင်ရောက်စီးနှင်ပြီးနောက် ဝန်ကြီးချုပ် ထွက်ပြေးသွားချိန်မှာ စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်ထားပြီး ယာယီအစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အာမခံထားပါတယ်။

ဒီနေ့ ဩဂုတ် ၆ ရက်မှာတော့ ပါလီမန်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာ ဆန္ဒပြသူတွေတောင်းဆိုထားတဲ့အချက်ထဲက တခုဖြစ်ပါတယ်။ န္ဒပြကျောင်းသားခေါင်းဆောင်တွေကတော့ စစ်တပ်ဦးဆောင်တဲ့အစိုးရကို လက်ခံမှာဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မနေ့က ဆူပူအုံကြွမှုအတွင်း တရက်တည်း လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အစိုးရအလုပ်ခွဲတမ်းနဲ့ပတ်သက်ပြီး ဇူလိုင်လကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တဖြည်းဖြည့် ကျယ်ပြန့်လာပြီး ဝန်ကြးချုပ်ဟာနီနာနုတ်ထွက်ရေးအပါအဝင် အစိုးရဆန့်ကျင်ရေးအသွင် ကျယ်ပြန့်လာခဲ့ပါတယ်။

ကျောင်းသားတွေဟာ စစ်တပ်ဦးဆောင်တဲ့အစိုးရကို လက်မခံကြောင်းနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနပ်စ်က ယာယီအစိုးရဲ့ ယာယီအစိုးရဲ့အကြံအဖြစ် သဘောတူထားတယ် သတင်းတွေက ဆိုပါတယ်။
နိုင်ငံကထွက်ပြေးသွားတဲ့ ရှိတ်ဟာစီနာကတော့ အိနိ္ဒယနိုင်ငံကို ရောက်ရှိနေပြီး လက်ရှိမှာ လန်ဒန်ကို သွားရောက်ဖို့ပြင်ဆင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ပါလီမန်ဖျက်သိမ်း #စစ်အစိုးရ #ကျောင်းသားတွေလက်မခံ

Related posts

Leave a Comment

VOM News

FREE
VIEW