အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်း ဒုံးကျည်နဲ့ တိုက်ခိုက်ခံရလို့ တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရ

 

ဘဂ္ဂဒက်၊ ဩဂုတ်-၆-၂၀၂၄
မျိုးဆက်(VOM)

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတခုကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားမတ်စ်နဲ့ ဟဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင်တွေ မကြာသေးမီက လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသဟာ အကဲဆတ်လာတဲ့ အခိုက်အတန့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သတိပေးပြီးနောက် တိုက်ခိုက်မှုဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အယ်လ်အာဆက် လေတပ်စခန်း တို်ကခိုက်ခံခဲ့ရပြီး ပျက်စီးမှုတွေကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ အမေရိကန်စစ်တပ်တာဝန်ရှိသူတွေက စီဘီအက်စ်သတင်းဌာနကို ပြောပါတယ်။

တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းဟာ ကေတီယူရှား အမျိုးအစားများဖြစ်ပြီး အခြေစိုက်စခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွတွေကို ကိုယ့်ကိုကိုယ်ခုခံကာကွယ်မှုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အီရတ်မှာ စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အီရတ် #အမေရိကန်အခြေစိုက်စခန် #ဒုံးကျည်တိုက်ခို်ကမှု

Related posts

Leave a Comment

VOM News

FREE
VIEW