သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ကမလာဟားရစ်တို့ ပထမဆုံး စကားစစ်ထိုးမယ်

 

ဝါရှင်တန်၊ ဩဂုတ်-၉-၂၀၂၄
မျိုးဆက်

အမေရိကန်ဒူသမ္မတ ကမာလာဟားရစ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ အမေရိကန်ရွေးကောက်ပွဲအတွက် သူတို့ရဲ့ ပထမဆုံးသော ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို စက်တင်ဘာ ၁၀ရက်မှာ ပြုလုပ်မယ်လို့ သဘောတူလိုက်ကြပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်းတွေဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွေ ပြုလုပ်လေ့ရှိပြီး ကမလာဟားရစ်နဲ့ အကြိမ်ရေများများ စကားစစ်ထိုးလိုကြောင်း ဒေါ်နယ်ထရန့်ကဆိုပါတယ်။

ဂျိုးဘိုင်ဒင် သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ခြင်းမပြုမီက စက်တင်ဘာ ၁၀ ရက်မှာတော့ နောက်တစ်ကြိမ် စကားစစ်ထိုးဖို့ သဘောတူထားခဲ့တာဖြစ်ပြီး သမ္မတလောင်းဖြစ်လာတဲ့ ဟားရစ်ကလည်း လက်ခံတဲ့ အတွက် ဝမ်းသာတယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

အေဘီစီသတင်းဌာနက လက်ခံကျင်းပမယ့် ဒီစကားစစ်ထိုးပွဲကို မီချီဂန်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကမလာဟားရစ်နဲ့ ထရန့်တို့အကြား နောက်ထပ်စကားစစ်ထိုးပွဲတွေလည်း ပြုလုပ်နိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရန့်တို့ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာ သမ္မတရွေးကောက်ပွဲ ထပ်မံဝင်ရောက်မယ့် ဂျိုးဘိုင်ဒင်ရဲ့ စွမ်းဆောင်ရည်၊ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတို့အပေါ် ဝေဖန်မှုတွေမြင့်တက်ပြီးနောက် သူဟာ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ဟားရစ်က ဒီမိုကရက်တစ်ကိုယ်စားပြု သမ္မတလောင်းဖြစ်လာခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voicofmyanmar #VOM #အမေရိကန် #သမ္မတလောင်း #စကားစစ်ထိုးပွဲ #ဒေါ်နယ်ထရန့် #ကမလာဟားရစ်

Related posts

Leave a Comment

VOM News

FREE
VIEW