ဂါဇာရှိ စာသင်ကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၁၀၀ နီးပါး သေဆုံးပြန်

 

ဂါဇာစီးတီး၊ ဩဂုတ်-၁၀-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသ ဂါဇာစီးတီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါး သေဆုံးသွားကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်ကလည်း ဒီတိုက်ခို်ကမှုကို အတည်ပြုထားပြီး စာသင်ကျောင်းထဲရှိ ဟားမတ်စ်ခြေကုပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဂါဇာတာဝန်ရှိသူတွေရဲ့ အဆိုအရ ဒါရက်ချ်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လူ ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အစ္စရေးရဲ့ ဒုံးကျည်သုံးစင်းက ပါလက်စတိုင်း ဒုက္ခသည်တွေနေတဲ့ စာသင်ကျောင်းထဲကို ကျရောက်ခဲ့တာပါ။ ၁၀၀ နီးပါးလောက်သေပြီး ဒါဇင်များစွာ ဒဏ်ရာရခဲ့တယ်” လို့ ဂါဇာတာဝန်ရှိသူတယောက်က ပြောပါတယ်။

အစ္စရေးကတော့ အယ်လ်တာဘာအင်ကျောင်းထဲမှာ ဟားမတ်စ်ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနလည်ပတ်နေတာကို တိတိကျကျလုပ်ကြံခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကလည်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခို်ကမှုကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လို့နေပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုက စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေး ထိုးစစ်ဆင်မှုတွေအတွင်း အရပ်သားသေဆုံးမှု ၃၉၆၀၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ် #ဂါဇာ #လေကြောင်းတိုက်ခိုက် #၁၀၀နီးပါးသေ

Related posts

Leave a Comment

VOM News

FREE
VIEW