နွားထိုးကြီး မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ခံတွေလည်း ပိတ်မိနေ

 

ဩဂုတ် ၁၀
GG (VOM)

မန္တလေးတိုင်း ၊ နွားထိုးကြီး မြို့ပေါ်အထိတိုက်ပွဲတွေဖြစ်ပွားလာနေပြီး နွားထိုးကြီး – မြင်းခြံလမ်းကိုပါ သွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲကနွားထိုးကြီးမြို့ ရဲစခန်းနဲ့ မြို့အရှေ့ဘက်ရှိ ဓာတ်ငွေ့ပိုက်လိုင်းဘက်တွေမှာ ဖြစ်ပွားနေတာဖြစ်လို့ မြို့ခံတွေအနေနဲ့ စစ်ရှောင်ဖို့အတွက် မြို့ထဲကနေမြို့ပြင်ကိုထွက်ခွင့်မရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။

” မြို့ထဲကရဲစခန်းတွေ ထွေအုပ်ဖက်တွေမှာပစ်ခတ်မှုတွေရှိတယ်။လေကြောင်းလည်းလာတယ်ဆိုတော့အပြင်မထွက်ရဲဘူး။တချို့လည်း မြို့ပြင်စစ်ရှောင်ဖို့လုပ်ကြပေမယ့် ထွက်မရတဲ့အခြေအနေပါ။မြို့ထဲမှာ စစ်တပ်ရော PDF တွေရှိနေတယ် ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲက မနေ့ကဩဂုတ်လ၉ ရက်နေ့ညပိုင်းကစပြီး ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ နစကဘက်မှလည်းလေကြောင်းပစ်ကူတိုက်ခတ်မှုရှိနေပြီး မြိူ့ထဲလည်းလက်နက်ကြီးကျရောက်မှုတွေရှိနေတယ်လို့သိရပါတယ်။ နွားထိုးကြီး – မြင်းခြံလမ်းကိုတော့ PDF တွေဘက် ယာယီပိတ်ထားတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရင်ကလည်း နွားထိုးကြီး မြို့နယ်ထဲကရွာဘက်တွေမှာ pdf တပ်ဖွဲ့တွေနဲ့နစကတပ်ဖွဲ့တွေအကြား မကြာခဏပစ်ခတ်မှုတွေဖြစ်ပွားလေ့ရှိပြီး အရပ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ လက်ရှိကတော့မြို့ပေါ်တပ်စခန်းတွေအထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
Photo:CJ

#Voiceofmyanmar #vom #နွားထိုးကြီး #တိုက်ပွဲပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW