ဂျပန်မှာ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ဖို့ရှိ

 

တိုကျို၊ ဩဂုတ်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်နိုင်ငံ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံတော့မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ဒီနေ့ ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်တာကြောင့် ဂျပန်ဝန်ကြီးချုပ် အပြောင်းအလဲကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

“ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ပြောင်းလဲလာမယ်ဆိုတာ ပြည်သူတွေကို ပြသဖို့လိုအပ်တယ် ”လို့ သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်အပေါ် ပါတီခေါင်းဆောင်တွေလည်း အံ့ဩခဲ့ကြပါတယ်။

အချို့ကတော့ လာမယ့် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲမှာ ပါတီကို အနိုင်ရအောင် ကီရှီဒါ စွမ်းဆောင်နိုင်မလားဆိုတဲ့အပေါ် ယခင်ကတည်းက ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် ဝန်ကြီးချုပ်ကီရှီဒါဟာ ပါတီက စက်တင်ဘာလအတွင်း ခေါင်းဆောင်သစ်တယောက် ရွေးချယ်ပြီးနောက် ရာထူးကနေ နုတ်ထွက်ဖို့ရှိနေပါတယ်။၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကီရှီဒါအပေါ် လူထုထောက်ခံမှုဟာ ပါတီတွင်း အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံကြောင့် ကျဆင်းခဲ့ပါတယ်။

ဒါအပြင် လူနေမှုစရိတ်ကြီးမြင့်လာမှုနဲ့ ယန်းငွေတန်ဖိုးကျဆင်းမှုတွေကလည်း သူဦးဆောင်တဲ့အစိုးရအပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ထောက်ခံမှုနှုန်းဟာ ပြီးခဲ့တဲ့လမှာ ၁၅ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တခုကျော်ကာလအတွင်း ဂျပန်ဝန်ကြီးချုပ်တယောက်အပေါ် လူထုထောက်ခံမှုနှုန်း အနိမ့်ဆုံးဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဂျပန် #ကီရှီဒါ #ဝန်ကြီးချုပ်အပြောင်းအလဲ #ပါတီခေါင်းဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW