ပြည်ပထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့အမှုဖွင့်

 

ဒါကာ၊ ဩဂုတ်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူတယောက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

မြို့တော်ဒါကာမှာ ရက်သတ္တပတ်များစွာ ဆန္ဒပြပွဲတွေအပြီးမှာ ဝန်ကြီးချုပ် ဟာစီနာက ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ပေမယ့် ယခင်အစိုးရ ထိပ်တန်းတာဝန်ရှိသူခြောက်ယောက် ကိုလည်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

နိုင်ငံသားတယောက်သေဆုံးမှုနဲ့ပတ်သက်ပြီး ရှေ့နေ မာမန်မီယာက ဒါကာတရားရုံးမှာ ကိုယ်စားအမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို တရားရုံးက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီလို အမှုဖွင့်ရပြီးနောက် နာရီပိုင်းအကြာမှာတော့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာကတော့ သူမကို ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့ ပြည်ပကို ထွက်ပြေးပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ဒါဟာ ရာထူးကနေနုတ်ထွက်ပြီးနောက် ဟာစီနာအပေါ် ပထမဆုံး ရာဇဝတ်မှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ သီတင်းပတ်များစွာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း လူ ၄၀၀ ကျော်သေဆုံးပြီး သေဆုံးသူအများစုမှာ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဝန်ကြီးချုပ်ဟောင်း #ရှိတ်ဟာစီနာ #လူသတ်မှု #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW