မျောက်ကျောက်ရောဂါ ကူးစက်မှု အာဖရိကမှာ အရေးပေါ်အခြေအနေ ကြေညာပြီ

 

ကိပ်တောင်း၊ ဩဂုတ်-၁၄-၂၀၂၄
မျိုးဆက်(VOM)

အာဖရိကမှာ ကူးစက်မြန် မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း တောင်အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေတာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကွန်ဂိုမှာ ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်မှု ၁၃၇၀၀ ကျော်နဲ့ သေဆုံးသူ ၄၅၀ ထိရှိခဲ့ပါတယ်။

ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ၊ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံတွေမှာလည်း ရောဂါ ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပြီး အာဖရိကပြင်ပနိုင်ငံတွေကလည်း ကူးစက်လာနိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်နေပါတယ်။
လက်ရှိမှာတော့ ဗိုင်းရပ်စ်မျိုးကွဲနှစ်ခု ရှိပြီး ပထမအမျိုးအစားဟာ ၂၀၂၂ ခုနှစ်က ဥရောပနဲ့ အခြားနိုင်ငံတွေထိ ကူးစက်ခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး အဓိကအားဖြင့် လိင်မှတဆင့် ကူးစက်တတ်ပါတယ်။ ဒါပေမယ့် ကွန်ဂိုမှာတော့ ဗိုင်းရပ်စ်မျိုးကွဲသစ် ထွက်ပေါ်နေကြောင်း တာဝန်ရှိသူတွေက သတိပေး ပြောဆိုပါတယ်။

မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ဟာ တိရိစာ္ဆန်တွေကနေ လူကို ကူးစက်တတ်သလို လိင်ကနေတဆင့် စတဲ့ နည်းလမ်းတွေနဲ့ ကူးစက်တတ်ပြီး ခန္ဓာကိုယ်အနှံ့မှာ အဖုအပိန့်အနာတွေပေါက်ခြင်း၊ ကြွက်သားနာကျင်တာနဲ့ ဖျားနာခြင်းတို့ ဖြစ်ပေါ်စေတတ်ပါတယ်။
Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အာဖရိက #မျောက်ကျောက်ရောဂါ #အရေးပေါ်အခြေအနေ #ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW