This Day in History

  Voice of Myanmar မဟတ္တမဂန္ဒီဦးဆောင်သော အိန္ဒိယလွတ်လပ်ရေး လှုပ်ရှားမှု ဆယ်စုနှစ်သုံးခုကြာမြင့်ပြီးနောက် အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး ဗြိတိသျှို့၏ နှစ်ပေါင်း ၂၀၀ နီးပါး အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August15

Read More

ကလေးမြို့မှာ လေယာဥ်လက်မှတ်စျေးနှုန်းတွေ ထပ်မံ မြင့်တက်လာ

  ဩဂုတ် ၁၄ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မြန်မာပြည် အောက်ပိုင်းဘက်ကိုပြေးဆွဲနေတဲ့ လေယာဥ်လက်မှတ်ခ ဈေးနှုန်းတွေဟာ အရင်ကထက် ကျပ် သုံးသောင်းခွဲလောက် ထပ်မံမြင့်တက်လာတယ်လို့ ဒေသခံတွေနဲ့ လက်မှတ် အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။ ဩဂုတ် ၁၃ ရက်က စတင်ကာ ဈေးနှုန်း ပြောင်းလဲသွားတာဖြစ်ပြီး အရင်က ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေးဟာ ကျပ် လေးသိန်းလေးသောင်းကနေ လေးသိန်း ခုနစ်သောင်းငါးထောင်ကျပ်၊ ရန်ကုန်-ကလေး လေယာဉ်လက်မှတ်ဟာ ကျပ် သုံးသိန်းရှစ်သောင်း ငါးထောင်ကနေ သုံးသိန်းကိုးသောင်း ငါးထောင်ကျပ်၊ ကလေး-မန္တ‌လေး‌ လေယာဉ်လက်မှတ်ဈေးက အသွားအပြန် တသောင်းဝန်းကျင်နဲ့ က‌လေး-မုံရွာလက်မှတ်ဈေးဟာ အသွားအပြန် ကျပ် နှစ်သောင်းခွဲအထိ မြင့်တက်သွားပါတယ်။ “ကလေးလေယာဉ် လက်မှတ်ဈေးက အခုနောက်ပိုင်း ထပ်တက်သွားတယ်။ တခြားမြို့တွေက လေယာဉ်လက်မှတ် ဈေးတွေကတော့ ခုရက်ပိုင်းထဲ မတက်သေးဘူး။ ကလေးမြို့တခုတည်း…

Read More

ဂါဇာအပစ်ရပ်ရေး ဆွေးနွေးပွဲ မတက်ဘူးလို့ ဟားမတ်စ်အဖွဲ့ပြော

  ဒိုဟာ၊ ဩဂုတ်-၁၅-၂၀၂၄ မျိုးဆက်(VOM) ကာတာနိုင်ငံမှာ ဒီနေ့စတင်ကျင်းပမယ့် ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်အတွက် တဆင့်ခံဆွေးနွေးပွဲတွေကို တက်ရောက်မှဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့ ထိပ်တန်းတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သဘောတူညီချက်အတွက် ဟားမတ်စ်အဖွဲ့က လမ်းပြမြေပုံမူဘောင်တရပ်လိုလားနေပြီး စစ်ပွဲဆက်လက်ဆင်နွှဲနေတဲ့ အစ္စရေးလုပ်ရပ်တွေအတွက် ဆွေးနွေးပွဲကို မတက်တာလို့ ဆိုပါတယ်။ လမ်းပြမြေပုံကိုတော့ ပြီးခဲ့တဲ့မေလကုန်မှာ အမေရိကန်သမ္မတအဆိုပြုခဲ့တဲ့ သဘောတူညီချက်အပေါ် အခြေခံသင့်ပြီး အစ္စရေးက နောက်ထပ် အခြေအနေပုံစံသစ်တွေ ထည့်သွင်းနေတယ်လို့ ဟားမတ်စ်တို့က စွပ်စွဲထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဟားမတ်စ်တို့ဟာ အပြောင်းအလဲတွေကို တောင်းဆိုနေတယ်လို့ ဆိုပါတယ်။ လက်ရှိဆွေးနွေးပွဲတွေကို ဟားမတ်စ်တို့ မတက်ရောက်ပေမယ့် ဆက်လက်ကျင်းပဖို့ရှိပြီး ဖြေရှင်းမယ့် အစီအစဉ်တွေကို နောက်ပိုင်းမှာ အသုံးချနိုင်တယ်လို့ အမေရိကန် ၊ အီဂျစ်နဲ့ ကာတာ ကြားဝင်ဖြန်ဖြေသူတွေက ပြောပါတယ်။ မကြာသေးမီအချိန်က အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာသေဆုံးမှုကြောင့်…

Read More

သီလဝါဆိပ်ကမ်းမှာ ဆီဘောက်ဆာကား ရာနဲ့ချီပြီး တပတ်ကျော်ကြာ စောင့်ဆိုင်းနေပေမယ့် စက်သုံးဆီ ချမပေးသေး

  ဩဂုတ် ၁၅ – ၂၀၂၄ SS (VOM) ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ချမပေးသေးတဲ့အတွက် ဘောက်ဆာကားတွေ ရာနဲ့ချီပြီး တန်းစီ စောင့်ဆိုင်းနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ မြန်မာတနိုင်ငံလုံးကို စက်သုံးဆီ ဖြန့်ဖြူးပေးနေတဲ့ သီလဝါဆိပ်ကမ်းမှာ အခု ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ဆီတင်ဘောက်ဆာကေားတွေ အများအပြား ဆီတင်ဖို့ စောင့်ဆိုင်းနေရတာဖြစ်ပြီး အချိန်ကာလအားဖြင့် တပတ်ကျော် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ “ဆီဘောက်ဆာသမားတွေအကုန်လုံး သီလဝါမှာ သောင်တင်နေတာ။ ကျွန်တော်ဆို အိမ်မပြန်ရတာ တပတ်နီးပါးလောက် ရှိပြီ။ တချို့ ဆီဘောက်ဆာကားတွေဆိုရင် ၁၀ ရက်ကျော်နေပြီ။ အခုထိ ဆီမရသေးဘူး။ ညပိုင်း ကားပေါ်မှာအိပ်ရတာ လုံခြုံမှုမရှိဘူး။ ဧည့်စာရင်းတိုင်ပြီး အိပ်တာတောင် ခေတ်ကာလ အခြေအနေအရ စိတ်က အဆင်မပြေဘူး။ ဒီနေရာမှာပဲ အိပ်လိုက်စားလိုက်နဲ့ စောင့်နေရတာ။ ဘယ်နေ့ ဆီရမယ်မှန်းလည်း အတိအကျ…

Read More

ဗဟိုဘဏ်က ဘဏ်အပ်ငွေ အတိုးနှုန်း တိုးမြှင့်သတ်မှတ်

  ဩဂုတ် ၁၅ – ၂၀၂၄ SS (VOM) ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်အပ်ငွေ အတိုးနှုန်းတွေနဲ့ ချေးငွေအတိုးနှုန်းတွေကို တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။ ဘဏ်အပ်ငွေ အတိုးနှုန်းကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပြီး တခြားဘဏ်တွေအနေနဲ့ အပ်ငွေ အတိုးနှုန်းကို ၇ ရာခိုင်နှုန်း၊ ချေးငွေအပေါ် ကောက်ခံတဲ့ အတိုးနှုန်းကို အများဆုံး ၁၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ “ဒီလို ပြင်ဆင်သတ်မှတ်လိုက်တယ် ဆိုတာက ကျပ်ငွေတန်ဖိုးတွေ ထိုးကျနေတာကို ကုစားဖို့ဖြစ်နိုင်တယ်။ လက်ရှိ စျေးကွက်ထဲမှာက လူထုက ဘဏ်တွေအပေါ် ယုံကြည်မှု လျော့နည်းနေချိန်လည်း ဖြစ်တယ်ဆိုတော့ ဒီလုပ်ဆောင်ချက်က ယုံကြည်မှု ပြန်လည်ရရှိအောင် တည်ဆောက်တာလည်း…

Read More

ရုရှားနိုင်ငံထဲ စစ်ဆင်ရေးမှာ ဗြိတိန်လက်နက်တွေ သုံးလို့ရတယ်လို့ ယူကရိန်းစစ်တပ်ပြော

  ကိဗ်ယက်၊ ဩဂုတ်-၁၅-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအတွက် ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို ရုရှားနိုင်ငံထဲကို လက်ရှိဝင်ရောက်တိုက်ခိုက်ရာမှာ အသုံးပြုဖို့ တားမြစ်ထားတာမရှိကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီလက်နက်တွေကို နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေနဲ့အတိုင်း အသုံးပြုသွားမယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရုရှားနိုင်ငံ ကာ့ဒ်ဒေသကို ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှု ၁၀ ရက်မြောက်ဖြစ်လာချိန်မှာ လက်နက်တွေ အသုံးပြုခွင့်ရရှိထားတယ်ဆိုတာ ယူကရိန်းက ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ ယူကရိန်းထိုးစစ်ဆင်နေတဲ့ နေရာတွေရှိ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတွေ ထူထောင်သွားမယ်လို့ ယူကရိန်းက ပြောဆိုထားပြီး ရုရှားကတော့ ယူကရိန်းတပ်တွေကို ပြန်တိုက်ထုတ်နေတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း ယူကရိန်းဒေသရှစ်ခုကို မနေ့ကညက တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ ဒရုန်း ၂၉ စင်းကို ယူကရိန်းလေတပ်က ပစ်ချခဲ့ပြီး ရုရှားရဲ့ တို်ကခိုက်မှုအတွင်း လူတယောက်သေပြီး ၁၃ ယောက်ဒဏ်ရာရခဲ့တယ်လို့…

Read More

PV ပတ်စ်ပို့ကိုင်ထားသူတွေ အလုပ်ဗီဇာနဲ့ ပြည်ပထွက်အလုပ်လုပ်ဖို့ ပိုမိုခက်ခဲလာ

  ဩဂုတ် ၁၅ – ၂၀၂၄ SN (VOM) PV ကိုင်ထားပြီး အလုပ်ဗီဇာနဲ့ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေကို လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စိစစ်ပြီး တားမြစ်မှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ ဩဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုအခါ ပြည်ပနိုင်ငံတွေဆီ အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖို့ ထုတ်ပေးတဲ့ (Passport for Visit – PV) အမျိုးအစား ကိုင်ဆောင်သူတွေဟာ အလည်အတွက် မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာတွေ လျှောက်ထားရယူကာ ပြည်ပကို သွားရောက် လုပ်ကိုင်လျက်ရှိကြပြီး ပြည်ပမှာ အခက်အခဲပြဿနာ တစုံတရာ ပေါ်ပေါက်ပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ထားပါက နိုင်ငံကူးလက်မှတ်…

Read More
VOM News

FREE
VIEW