ထိန်းချုပ်ထားတဲ့ ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးဖွင့်

 

ကိဗ်ယက်၊ ဩဂုတ်-၁၆-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းစစ်တပ်ဟာ ရုရှားနိုင်ငံထဲကို အံ့အားသင့်ဖွယ် ဝင်ရောက်တို်ကခိုက်ပြီးနောက် ကာ့ခ်ဒေသမှာ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတခု ဖွင့်လိုက်တယ်လို့ ယူကရိန်းစစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီရုံးဟာ ရုရှားနိုင်ငံထဲက ယူကရိန်းထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တရားဥပေဒစိုးမိုးဖို့နဲ့ ဒေသခံတွေရဲ့ လက်ငင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယူကရိန်းစစ်တပ် ဗိုလ်ချုပ်ကြီး အိုလက်ခ်ဆန်ဒါဆိုင်စကီးက ပြောပါတယ်။

ဒီအခြေအနေမှာ ဒေသတွင်းရှိ ပြည်သူတွေကိုကာကွယ်ဖို့ တပ်ကူတွေစေလွှတ်ထားကြောင်း ရုရှားစစ်တပ်က ပြောပါတယ်။ ယူကရိန်းကလည်း သူ့ရဲ့ မနေ့ကသူ့ရဲ့ စစ်ဆင်ရေးမှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။

လက်ရှိချိန်ထိ ရုရှားမြို့ရွာ ၈၂ ခုအပါအဝင် ရုရှားနယ်မြေ ၁၁၅၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားကာ ကာ့ခ်ဒေသတွင်း ၃၅ ကီလိုမီတာထိ ချဉ်းနင်းဝင်ရောက်နိုင်ခဲ့ပြီလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုလည်းဖြစ်ပြီး ၁၀ ရက်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားဟာ စစ်ပွဲရဲ့အကျိုးတွေ ပြန်ခံရလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #နယ်စပ်ဖြတ်ကျော်တို်ကခို်ကမှု

Related posts

Leave a Comment

VOM News

FREE
VIEW