ဖိလစ်ပိုင်နဲ့ တရုတ် ကမ်းခြေစောင့်တပ်သင်္ဘော တိုက်မိလို့ နှစ်နိုင်ငံ ဆက်လက်တင်းမာနေ

 

ပေကျင်း၊ ဩဂုတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)

ဖိလစ်ပိုင်သင်္ဘောတစင်းဟာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက ခုတ်မောင်းလာပြီး တရုတ်သင်္ဘောကို အန္တရာယ်ရှိသောပုံစံနဲ့ ဝင်တိုက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ဒီဖြစ်စဉ်ဟာ ဩဂုတ် ၁၉ ရက်နံနက် ၃ နာရီ ၂၄ မိနစ်က ဖြစ်ပွားခဲ့တာလို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ရုပ်သံမှတ်တမ်းထုတ်ပြန်ထားပြီး ဖိလစ်ပိုင်သင်္ဘောဟာ ဆာဘီနာသောင်ခုံ ရေပြင်အနီးဝင်ရောက်လာခဲ့တာဖြစ်ကာ တရုတ်ကမ်းခြေစောင့်တပ်က အကြိမ်ကြိမ် သတိပေး တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖိလစ်ပိုင် သင်္ဘောဟာ ရုတ်တရက်ဦးတည်ချက်ပြောင်းပြီး ဝင်တိုကခဲ့တာလို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဖိလစ်ပိုင်ဟာ နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ယာယီအစီအစဉ်ကို ချိုးဖောက်ခဲ့တာလို့ တရုတ်က စွပ်စွဲထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥပေဒအတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာ ထိပါးနှောက်ယှက်တဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဖိလစ်ပိုင်ကမ်ခြေစောင့်တပ်ကတော့ ဆာဘီနာသောင်ခုံအနီးမှာ ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်နေတဲ့ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနဲ့ တိုက်မိခဲ့မိခဲ့တာကြောင့် ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စင်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မကြာသေးမီကလည်း အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်မှာ တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြှောက်နဲ့ ပစ်ခတ်မှုတွေအပါအဝင် နှောက်ယှက်မှုတွေကြောင့် နှစ်နိုင်ငံ တင်းမာနေခဲ့ပါတယ်။

Ref:CNA
Photo:Times of India

#Voiceofmyanmar #VOM #ဖိလစ်ပိုင် #တရုတ် #ကမ်းခြေစောင့်တပ် #တိုက်မိ

Related posts

Leave a Comment

VOM News

FREE
VIEW