လုပ်ငန်းခွင်ပြန်ဝင်ဖို့ အိန္ဒိယအစိုးရရဲ့ တိုက်တွန်းချက် ဆန္ဒပြဆရာဝန်တွေ ပယ်ချ

 

ဒေလီ၊ ဩဂုတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)

အိနိ္ဒယနိုင်ငံမှာ အလုပ်သင်ဆရာဝန်အမျိုးသမီးတယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့မှုနဲ့ပတ်သက်ပြီး ဆန္ဒပြတာတွေရပ်ဖို့နဲ့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အစိုးရရဲ့ တိုက်တွန်းချက်ကို ဆန္ဒပြဆရာဝန်တွေက ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ပယ်ချလိုက်ပါတယ်။

ဩဂုတ် ၉ ရက်က အသက် ၃၁ နှစ်အရွယ် ဆရာဝန်တယောက် ကိုလ်ကတ္တားရှိဆေးရုံမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးနောက် နိုင်ငံတဝန်းမှာ ဆရာဝန်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေတာ တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးရုံက စေတနာ့ဝန်ထမ်း တယောက်ကို ရဲတပ်ဖွဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်တွေက အရေးပေါ်မဟုတ်တဲ့လူနာတွေကို ကုသမှုတွေရပ်ဆိုင်းပြီး သပိတ်မှောက်နေကြပါတယ်။

အိန္ဒိယအစိုးရကတော့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ပိုမိုကောင်းမွန်တဲ့ အစီအမံတွေချမှတ်ရေး ကော်မတီတရပ်ဖွဲ့စည်းဖို့နဲ့ ဆရာဝန်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ တိုက်တွန်းနေပါတယ်။

၂၀၁၂ ခုနှစ်ကလည်း ဒေလီမှာမောင်းနှင်နေတဲ့ ဘတ်စ်ကားတစင်းပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူတယောက်ကို အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်အပြီး တင်းကြပ်တဲ့ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့်လည်း အိန္ဒိယအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ကျူးလွန်မှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

Ref:CNA
Photo:Reuters

#Voiceofmyanmar #VOM #အန္ဒိယ #ဆရာဝန်အသတ်ခံရမှု #ဆန္ဒပြပွဲ #ရပ်တန့်ရေးတိုက်တွန်းချက် #ပယ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW