ဂါဇာစစ်ပွဲ အပစ်ရပ်ရေး သဘောတူညီချက် အစ္စရေး သဘောတူပြီ

 

တဲလ်အဗစ်၊ ဩဂုတ်-၂၀-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အပစ်ရပ် သဘောတူညီချက်အတွက် အမေရိကန်ရဲ့ ပေါင်းကူးအဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ခံသဘောတူတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်ရှိကတော့ ဟားမတ်စ်တို့ သဘောတူဖို့ပဲ လိုတော့ကြောင်း ဘလင်ကင်က ဆိုပါတယ်။ အစ္စရေး လုံခြုံရေးလိုအပ်ချက်လို့ ရှုမြင်ရတဲ့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေလွတ်မြောက်ရေး အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် မစ္စတာနေတန်ယာဟုက အပြုသဘောဆောင် ဆွေးနွေးပွဲအတွက် တဲလ်အဗစ်မှာ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း ထုတ်ပြန်ပါတယ်။

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးဟာ ဒီတကြိမ်နောက်ဆုံးဖြစ်ကြောင်း ဘလင်ကင်က အစောပိုင်းမှာ သတိပေးခဲ့ပြီး အမေရိကန်ကတော့ သဘောတူညီချက်ကို အပြီးသတ်တွန်းအားပေးဖို့ရည်ရွယ်ထားပုံရပါတယ်။

သဘောတူညီချက်ဟာ လာမယ့်အပတ် ဒီလိုအချိန်မှာ ရနိုင်တယ်လို့ ဘလင်ကင်က ပြောဆိုထားပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ကတော့ ဒီကိစ္စအပေါ် တိတိပပ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီသဘောတူညီချက်အတွက် တွန်းအားပေးဖို့ အီဂျစ်နဲ့ ကာတာတို့ကို သွားရောက်ဖို့လည်းရှိနေပြီး အီဂျစ်၊ ကာတာ၊ အမေရိကန်တို့ဦးဆောင်တဲ့ ကိုင်ရိုဆွေးနွေးပွဲတက်ဖို့ လာမယ့်အပတ်မှာ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုပါတယ်။

Ref:BBC
Photo:Twitter@SecBlinken

#Voiceofmyanmar #VOM #ဂါဇာစစ်ပွဲ #အပစ်ရပ်ရေး #သဘောတူညီချက် #အစ္စရေး #သဘောတူ

Related posts

Leave a Comment

VOM News

FREE
VIEW