သမ္မတ ရွေးကောက်ပွဲနိုင်ရင် အီလွန်မာ့ခ်ကို ဝန်ကြီးနဲ့အကြံပေးခန့်ဖို့ ရှိတယ်လို့ ဒေါ်နယ်ထရန့်ပြော

 

ဝါရှင်တန်၊ ဩဂုတ်-၂၀-၂၀၂၄
မျိုးဆက်(VOM)

လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ နိုင်ရရှိမယ်ဆိုရင် နည်းပညာလုပ်ငန်းရှင်နဲ့ သန်းကြွယ်သူဌေးဖြစ်သူ အီလွန်မာ့ခ်ကို အစိုးရဝန်ကြီး သို့မဟုတ် အကြံပေးရာထူးပေးဖို့စဉ်းစားသွားမယ်လို့ သမ္မတဟာင်း ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအပြီးမှာ ဒေါ်နယ်ထရန့်က သတင်းဌာနတွေကို အခုလိုက် ပြောဆိုခဲ့တာဖြစ်ပြီး အီလွန်မာ့ခ် လုပ်ဖို့ဆန္ဒရှိရင် ရာထူးသေချာတယ်လို့ ထရန့်ကပြောပါတယ်။

အီလွန်မာ့ခ်က ထူးချွန်သူလို့ ဒေါ်နယ်ထရန့်ကဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ အီလွန်မာ့ခ်ပိုင်ဆိုင်တဲ့ X ဆိုရှယ်မီဒီယာမှာ ဩဂုတ် ၁၂ ရက်က နှစ်နာရီကြာ စကားပြောဆိုဆွေးနွေးခဲ့ကြပြီး ယခုနောက်ပိုင်းမှာ ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပါတယ်။

တက်စ်လာလျှပ်စစ်ကားကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်တဲ့ အီလွန်မာ့ခ်က အခွန်အသုံးပြုမှုနဲ့ အခြားသောကိစ္စရပ်တွေကို ထိရောက်စွာလေ့လာနိုင်ဖို့ အစိုးရကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း အကြုံပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို မဲပေးခဲ့ကြောင်း အီလွန်မတ်ခ်က ဆိုပါတယ်။ ဒါပေမယ့် မကြာသေးမီက မဲဆွယ်စည်းရုံးရေးတခုမှာ ဒေါ်နယ်ထရန့် သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံရပြီးနောက် ထရန့်ကို ထောက်ခံကြောင်း အီလွန်မာ့ခ်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #သမ္မတရွေးကောက်ပွဲ #ဒေါ်နယ်ထရန့် #အီလွန်မာ့ခ် #ဝန်ကြီးရာထူး #အကြံပေး

Related posts

Leave a Comment

VOM News

FREE
VIEW