အိန္ဒိယအနောက်ပိုင်းမှာ ကလေးငယ်နှစ်ဦး မဖွယ်မရာပြုကျင့်ခံရလို့ ဆန္ဒပြပွဲတွေ ဖြစ်ပွား

ဒေလီ၊ ဩဂုတ်-၂၁-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံမှာ ကလေးငယ်နှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံအနောက်ပိုင်း မဟာရာရှာထရာပြည်နယ်က ရထားဘူတာရုံမှာ လူရာပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ကလေးငယ်တွေဟာ တာနီခရိုင် ဘတ်လာပါမြို့ရှိ မူကြိုကျောင်း အိမ်သာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မဖွယ်မရာပြုလုပ်ခံခဲ့ရတာလို့ စွပ်စွဲထားပြီး ကျောင်းဝန်ထမ်းအမျိုးသားတယောက်ကို ရဲက ဖမ်းဆီးထားပေမယ့် အရေးယူမှု နှောင့်နှေးနေတယ်လို့ ကလေးမိဘတွေက စွပ်စွဲထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ကလေးတွေအတွက် တရားမျှတမှုရရှိရေး တောင်းဆိုခဲ့ပြီး ဘူတာမှာရှိတဲ့ ရထားလမ်းကို ပိတ်ဆို့ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အချို့တော့ ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးအရေးယူမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အီခ်ကနက်ရှင်ဒီက ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာမနဲ့ အမျိုးသမီးဝန်ထမ်းတယောက်တို့ကိုလည်း ကျောင်းကနေ ထုတ်ပယ်လိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
နိုင်ငံအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ်မှာ အလုပ်သင်ဆရာဝန်တယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကြောင်း ဆရာဝန်များဦးဆောင်တဲ့ ဆန္ဒပြပွဲတွေလည်း ဆက်လက်ပြင်းထန်နေပါတယ်။
Ref:BBC
Photo:PTI

Related posts

Leave a Comment

VOM News

FREE
VIEW