လက်ဘနွန် ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်ပြီးနောက် ဟဇ်ဘိုလာတို့က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်

တဲလ်အဗစ်၊ ဩဂုတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးတိုက်လေယာဉ်တွေဟာ လက်ဘနွန်အတွင်းပိုင်း ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်ပြီးနောက် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ကိုလည်း ဟဇ်ဘိုလာတို့က ဒုံးကျည်ဇင်များစွာနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
လက်ဘနွန် ဘက်ကာတောင်ကြားရှိ ဟဇ်ဘိုလာလက်နက်သိုလှောင်ရုံတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲပြီး လူတယောက်သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေးစစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တို်ကခိုက်ခဲ့ကြောင်း ဟဇ်ဘိုလာဖွဲ့ကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ နေအိမ်နှစ်လုံးပျက်စီးပြီး လူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးဟာ ပါလက်စတိုင်း ဖာတာလှုပ်ရှားမှုအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတယောက်ကို လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး အစ္စရေးဟာ ဒေသတွင်း ပဋိပက္ခကို အရှိန်မြှင့ဖို့် ကြိုးပမ်းနေတယ်လို့ အဲဒီအဖွဲ့က စွပ်စွဲထားပါတယ်။
လက်ရှိမှာတော့ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ အီရန်မှာ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့ပြီး ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက်လည်း သတ်ဖြတ်ခံခဲ့ရတာကြောင့် အစ္စရေးကို လက်တုံ့ပြန်သွားမယ်လို့ အီရန်နဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW