ဒေါ်နယ်ထရန့်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

ဝါရှင်တန် ၊ ဩဂုတ်-၂၃-၂၀၂၄
ရတီ(VOM)
အမေရိကန်-မက္ကဆီကိုနယ်စပ် အရီဇိုးနားပြည်နယ်ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတယောက်ကို အရီဇိုးနားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အရီဇိုးနားပြည်နယ် ကိုချီကောင်တီက အသက် ၆၆ နှစ်အရွယ် ရော်နယ်လီဆီဗာ့ဆိုဟာ သမ္မတဟောင်းဒေါ်နယ်ထရန့်ကို သတ်ဖြတ်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်တွင် ခြိမ်းခြောက်ရေးသားထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ အခြားစွဲချက်တွေ အတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူလည်းဖြစ်ပြီး ၀စ္စကွန်ဆင်နဲ့ အရီဇိုးနားပြည်နယ်တို့မှာ ဖမ်း၀ရမ်းအများအပြားနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြီးခဲ့သည့်လက မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ်ကလည်း သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံခဲ့ရပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်ကိုရောက်ရှိနေတဲ့ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်တွေရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒများနဲ့ပတ်သက်ပြီး ဒုသမ္မတ ကမလာဟားရစ်ကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW