ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မြေပြိုမှုနဲ့ လမ်းပျက်မှုတွေကြောင့် ကားအသွားအလာ ခက်ခဲ ကြန့်ကြာ

ဩဂုတ် ၂၃၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကားလမ်းတွေ မိုးသည်းလို့ လမ်းပျက်မြေပြို ဖြစ်ပြီး ကားအသွားအလာ ခက်ခဲ ကြန့်ကြာနေကြောင်း ခရီးသွား ယာဉ်မောင်းတွေဆီက သိရပါတယ်။
“လမ်းက တော်တော်ဆိုးတယ်။ အခုက မိုးတွင်းဆိုတော့။ ကားက ကိုယ့် တစီး ရပ်သွားရင် ကျန်တဲ့ ကားတွေပါ သွားလို့ မရတော့ဘူး။ လမ်းကလည်း ကျဉ်းတယ်။” လို့ ယဉ်မောင်း တယောက် ကပြောပါတယ်။
ကုန်ကားတွေဆိုရင် ရှမ်းမြောက်ဘက် လမ်းပိတ်တာကြောင့် ရှမ်းရှေ့ဘက် ကားတွေ စုပြုံ ရောက်ရှိလာကြပြီး ကားတွေ ပိုများနေတဲ့ အပြင် လမ်းပျက် မြေပြို လမ်းပိတ် နေတာကြောင့် ၂ ရက်၊ ၃ ရက် သွားတဲ့ ခရီး တပတ် ထက်မနည်း ကြန့်ကြာနေတယ်လို့ သူက ပြောပါတယ်။
လတ်တလော ကျိုင်းတုံမြို့ မြို့တွင်းလမ်းတွေသာမကပဲ ကျိုင်းတုံ – တာချီလိတ်လမ်း၊ ကျိုင်းတုံ – တောင်ကြီးလမ်း၊ ကျိုင်းတုံ – မိုင်းလား လမ်းတွေလည်း ပျက်စီးနေတာကို တွေ့ရပါတယ်လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
“ကျိုင်တုံ နဲ့ မိုင်းခတ်ကြားမှာမှာလည်း လမ်းတွေပျက်နေတယ်။ ဒီရက်ပိုင်းက ဆိုင်ကယ်ပဲအဆင်ပြေမယ်။ ကားတော့မသွားတာအကောင်ဆုံးပဲ” လို့ သူက ပြောပါတယ်။
ကျိုးတုံနဲ့ တောင်ကြီးလမ်း စပါယ်ရှယ်တောင်ပေါ် မှာလည်း ဒီရက်ပိုင်းအတွင်း မိုးသည်းလို့ ဗွက်နွံ ဖြစ်သွားတဲ့ အပြင် မတ်စောက်တာကြောင့် ကားတွေ သွားလာရခက်ကာ ကားတွေ အများအပြား ပိတ်မိ ကြန့်ကြာ နေတာလို့ ကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။
“ရှမ်းရှေ့က အဲဒီ စပါယ်ရှယ်တောင်ကြီးက ရုပ်ပျက် ဆင်းပျက် ဖြစ်သွားပါပြီ။ အဲဒီ ရွှံ့ဗွက် မော့တက်က တော်တော်ကြီးကို ရုပ်ပျက် ဆင်းပျက် ဖြစ်သွားပါပြီဗျာ။ ဘက်ဟိုး တွေ ဘာတွေနဲ့ ဆွဲတင်နေရတာ။” လို့ သူက ပြောပါတယ်။
ကတ္တရာ လမ်းက သွားသွား၊ ဘယ်လမ်း သွားသွား အဲဒီ လမ်းဖြတ်ရတာဖြစ်ပြီး တောင်က တိုတိုလေး ဖြစ်ပေမယ့် မြေကြီး မော့တက် တဲ့နေရာမှာက တအားကြီး မော့တက်လို့ ကားတွေ အောက်မလွတ်တာတို့၊ မတက်နိုင်တာတို့ ရှိပြီး ဘက်ဟိုးတွေ ဘာတွေက ဆွဲ ပေးနေရတာ လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ရှမ်းပိုင်းလမ်းဖြစ်တဲ့ လွိုင်လင် ဘက်မှာလည်း လမ်းတွေပြိုတာကြောင့် သွားလာရ ခက်ခဲရတယ်လို့ တောင်ပိုင်း ကုန်တင်ယာဉ်မောင်း တယောက်ကလည်း ပြောပါတယ်။
“လွိုင်လင် ဘက်မှာလည်း မိုးအရမ်းရွာလို့ ကားလမ်း မြေပြိုတာ ကျနော့် ကားနဲ့ နှစ်စီး၊ သုံးစီး ပဲခြားတယ်။ ကားတော့ ပါမသွားဘူး။ လမ်းနှုတ်ခမ်းဘက်က ပြိုတာ များသွားတော့ဗျာ ကမ်းပါးရံဘက်ကို တွန်း ထိုးထားတာများတယ်။ မိုးရွာ ရင်တော့ ကြောက်ရတယ်။ ကမ်းပါးရံေတွ ပြို လာမှာ လည်းကြောက်ရတယ်။ ကျောက်တုံး နဲ့ မြေကြီး ရောနေတော့။ ကျနော်တို့ ကားရှင်း မှ ဆင်းတာ။ ထပ်မှာပဲ ရပ်ရပ် ထား ပေးတယ်။ လမ်း နှုတ်ခမ်းနား မချရဲဘူး။” လို့ သူက ပြောပါတယ်။
တောင်ပိုင်း လမ်းက တလမ်းပဲ ရှိတော့ အပိတ် မခံပဲ ချက်ချင်း မြေထိုးစက်နဲ့ ထိုးပြီး ပြင်လိုက်တယ်၊ လမ်းမကောင်းလည်း သွားတဲ့ ကားက သွားနေတာရှိဝယ်လို့ သူက ပြောပါတယ်။
ကားလမ်း ပိတ်ဆို့ ကြန့်ကြာမှုကြောင့် ကုန်ပစ္စည်းတွေ ပြတ်လပ် ကြန့်ကြာမှုတွေ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
ကျိုင်းတုံ ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဝောာင်ကြီးဘက်၊ တရုတ် နယ်စပ် မိုင်းလားဘက် နဲ့ တာချီလိတ် နယ်စပ်ဘက် သွားတဲ့ အဓိက လမ်းမကြီးတွေ ဆုံရာ နေရာ ဖြစ်ပါတယ်။
Photo Crd# ယာဉ်မောင်းများ၊ ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW