ထိုင်းနိုင်ငံ ဖူးခက်မြေပြိုမှု မြန်မာကိုးယောက်အပါအဝင် လူတဒါဇင် သေဆုံး

ဘန်ကောက်၊ ဩဂုတ်-၂၀၂၄
မျိုးဆက်(VOM)
ထိုင်းနိုင်ငံ ဖူးခက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ကိုးယောက်အပါအဝင် လူတဒါဇင်ကျော် သေဆုံးခဲ့ပြီး နေအိမ် ၅၀ ကျော် ပျက်ဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့ကမနက်အစောပိုင်း ၁ နာရီလောက်ကစပြီး ဖူးခက်ကျွန်းနေရာအနှံ့အပြားမှာ မိုးသည်းထန်းစွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ကာ မြေပြိုမှုကြောင့် သေဆုံးသူတွေထဲမှာတော့ မြန်မာနိုင်ငံသားကိုးယောက် ပါဝင်ပြီး ရုရှားစုံတွဲတတွဲလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကရွန်ဒေသမှာရှိတဲ့ ဆွိုင်ပါတက်၂ အရပ်ဒေသမှာ ဖြစ်ပွားခဲ့ ကြီးမားတဲ့ မြေပြိုမှုအတွင်း နေအိမ်တလုံးနဲ့ အလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတခုနဲ့ ပိုင်ဆိုင်မှုတွေ မြေအောက်နစ်မြုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်ရာနေရာက အိမ်ထောင်စုငါးစု လူ ၂၅ ယောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရပြီး ရွှံ့တွေအောက်မှာ လူတွေပိတ်မိနေတယ်လို့ ယူဆရတဲ့နေရာလေးခုမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေ လုပ်ဆောင်နေပါတယ်။
ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေအဆိုးရွားခံခဲ့ရတဲ့ မိုင်းခရိုင်ရှိ ချာလောင်းနဲ့ကရွန်တို့မှာတော့ အိမ်ထောင်စု ၂၅၀ ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသွားတွေအနေနဲ့ ရေကြီးမြေပြို အပါအဝင် သဘော၀ဘေးဆိုင်ရာ သတိပေးချက်တွေကို နားစွင့်ဖိုနဲ့ အန္တရာယ်ရှိတဲ့နေရာတွေကို ရှောင်ရှားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
Ref: Bangkok Post
Photo: Phuket Info Center/ The Nation

Related posts

Leave a Comment

VOM News

FREE
VIEW