ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးရေလျှံနိုင်



သြဂုတ်၂၄ ၊ ၂၀၂၄
Ms(VOM)

ဘင်္ဂလားပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်သြဂုတ် ၂၂ရက်ကနေ ၃၁ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာလာမယ့် ၈ရက်ကနေ ၁၀ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

မိုလေဝသနဲ့ ဇလဗေဒဦးစီး ဌာနရဲ့ တိုင်းထွာချက်တွေအရ သြဂုတ်လ ၂၁ရက် မှ ၃၁ရက်အထိ ယခုလ တတိယ၁၀ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တခု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မိုးရွာသွန်းမှု အခြေအနေတွေအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့် ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာကာ မိုးကြီးနိုင်မယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန သတိပေးထားပါတယ်။

ဒါ့အပြင် မိုးလေဝသပညာရှင် ဦးဝင်းနိုင် ရဲ့ သြဂုတ်လအတွင်း ရာသီဥတု အခြေအနေ အကြောင်း တင်ပြချက် မှာ တော့ယခုလကုန်ပိုင်း ၊ မိုးလယ်ရာသီ မှ မိုးနှောင်းရာသီ အကူးအပြောင်းကာလအတွင်း မှာ ဘင်္ဂလားပင်လယ်အော် မှာ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်မယ့် အခြေအနေ တွေတွေ့လာရပြီး သက်ရောက်မှု အနေနဲ့ မြန်မာနိုင်ငံအနှံ့မှာ သြဂုတ်လကုန်ရက် တွေအတွင်း မိုးအားကောင်းလာတာ ၊ နေရာကွက်မိုးကြီးတာနဲ့ ရေ နဲ့ပတ်သက်တဲ့သဘာဝဘေးတွေ ဖြစ်နိုင်လို့ မြစ်ချောင်းဘေးနေသူတွေ ၊ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ဖို့ အသိပေးထားပါတယ်။

မိုးလေဝသခန့်မှန်းသူ ပညာရှင် နောက်တယောက်ဖြစ်တဲ့ စုစုစံမိုးလေဝသ က ယနေ့ သြဂုတ်၂၃ ရက် နဲ့ ၂၄ နာရီအတွင်း ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ နေပြည်တော် ၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းတွေမှာ နေရာကွက်ကျားမိုးရွာနိုင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ရခိုင်ပြည်နယ် သံတွဲ ၊ တောင်ကုတ်၊ အမ်း ၊ မအီ ၊ ကျောက်ဖြူ ၊ စစ်တွေ ၊ မြောက်ဦး ၊ မင်းပြားဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ့ ရပ်ဝေးကာလ မိုးလေဝသ ကြိုတင်ခန့်မှန်းချက် အရ လာမယ့် စက်တင်ဘာလအတွင်း မုတ်သုန်လေအားအလွန်ကောင်းနိုင်ကာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ ဖြစ်တဲ့ တနင်္သာရီတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရွာသွန်းမြဲထက် နှစ်ဆပိုမိုရွာသွန်း နိုင်ကာ ထာဝယ်ခရိုင် ၊ ရေးခရိုင် နဲ့ သံဖြူဇရပ်ခရိုင် ၊ မော်လမြိုင်ခရိုင် နဲ့ မုတ္တမပင်လယ်ကွေ့ဒေသတွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့ မိုလေဝသပညာရှင် စုစုစံက အသိပေးထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW