သီပေါမှာ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု တလအတွင်း ၂၀ ဝန်းကျင်ရှိလာပြီး ၅၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၂၄၊ ၂၀၂၄
Shy V (VOM)
သီပေါမှာ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ပြီး ဩဂုတ် ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဘုရားကြီးကုန်းဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျလို့ တယောက်သေပြီး နှစ်ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သီပေါမှာ ဒီမနက် ၉ နာရီလောက်က ဘုရားကြီးကုန်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ရပ်ကွက်ထဲ ကျလာလို့ အရပ်သား တယောက် ခေါင်းပွင့်ပြီး သေသွားတယ်။ နှစ်ယောက် ဒဏ်ရာရတာ ပရဟိတ တွေ ဆေးရုံခေါ်သွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အခု သြဂုတ်လ ၉ ရက်နေ့ ကနေ ဒီနေ့ ဩဂုတ်လ ၂၄ ရက်နေ့ အထိ အရပ်သား လက်နက်ကြီးထိပြီး သေဆုံးတာ အယောက် ၂၀ ရှိပြီး ထိခိုက် ဒဏ်ရာရသူ အရပ်သား အယောက် ၅၀ လောက်ရှိပြီလို့ သိရတယ်လို့ သူက ပြောပါတယ်။
တလခန့် ဖုန်းလိုင်းပြတ်တောက်သွားတဲ့ ဖုန်းလိုင်း ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ပိုင်းက မိုင်တဲလ်လိုင်း တလိုင်း ပြန်ရနေပြီလို့ သီပေါ ဒေသခံတွေက ဆိုပါတယ်။
“လိုင်း တလ လောက်ပိတ်သွားတာ မနေ့ညနေ ကမှ ပြန်ပေါ်လို့။ မနေ့ညနေ ပိုင်းကပဲ ရတာ ။ မိုင်တဲလ်တခုပဲ ရတယ်။ ငြိမ်ဝော့ မငြိမ် သေးဘူး။ တနေ့ညကလည်း ပြည်သုတွေ လက်နက်ကြီး ထိတာရှိတယ်။” လို့ သီပေါ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဒေသခံတွေတချို့ တိုက်ပွဲ မရှောင်ပဲ ဘေးကင်းနေပေမယ့် လုံခြုံမှုတော့ မရှိဘူးလို့ သူက ပြောပါတယ်။
“၁၃/ တွေတော့ သီပေါမြို့ ဝင်ထွက်လို့တော့ ရတယ်။ ကျန်တဲ့ မှတ်ပုံတင်နဲ့သူတွေတော့ ပေးမဝင်ဘူးလို့ သတင်းထွက်နေတယ်။” လို့ တခြားမြို့ ရောက်နေတဲ့ သီပေါ ဒေသခံ တယောက်က ပြောပါတယ်။
လက်နက်ကြီးကျတဲ့ နေရာတွေ ရှိသေး တာကြောင့် သီပေါ အခြေအနေက ငြိမ်တယ်လို့ ပြောလို့ မရသေးကြောင်း၊ တချို့ ရပ်ကွက်တွေဘက် အခြေအနေ မကောင်းသေး သလို ဘော်ကြိုဘက်မှာလည်း စစ်ရှောင်တွေ အများကြီး ရှိနေသေးကြောင်း ဒေသခံ တွေက ပြောပါတယ်။
သီပေါမြို့ ရပ်ကွက် အများစုနဲ့ ဌာနဆိုင်ရာတွေ ရုံးတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက TNLA ဘက်က နေရာယူ ထိန်းချုပ်ထားကြောင်း၊ တိုက်ပွဲကြောင့် ပြည်သူတွေ ထိခိုက်မှု၊ သေဆုံးမှုနဲ့ နေအိမ် ထိခိုက် ပျက်စီးမှု အများအပြား ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ် ညီေနာင် ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ သီပေါမြို့မှာ စစ်ရေး အခြေအနေ တင်းမာလာခဲ့ပြီးလက်ရှိအထိ မြို့ပြင်ဘက်နဲ့ မြို့ထဲ နေရာ တချို့မှာ စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW