ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၂၀ သေပြီး ငါးသန်းကျော် ရေဘေးသင့်

ဒါကာ၊ ဩဂုတ်-၂၆-၂၀၂၄
မျိုးဆက်(VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးနဲ့ မြစ်ရေကြီးမြင့်တို့မှုကြောင့် ရေကြီးရေလျှံမှုတွေတွေကြောင့် လူ ၂၀ သေဆုံးပြီး ၅ ဒသမ ၂ သန်းကျော် ရေဘေးသင့်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားရပြီး စားနပ်ရိက္ခာ၊ ရေသန့် ၊ ဆေးဝါးနဲ့ အဝတ်အစားတွေ အပါအဝင် အရေးပေါ်အကူညီတွေ လိုအပ်နေပြီး အထူးသဖြင့် ခရိုင်အများအပြားမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးတွေ အခက်အခဲဖြစ်နေပါတယ်။
ရေဘေး ကူညီကယ်ဆယ်ရေးအတွက် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပုံမှန်အခြေအနေ လျင်မြန်စွာရောက်ရှိရေးအတွက် အစိုးရအနေနဲ့ လိုအပ်တဲ့အစီအမံတွေအားလုံးကို ချမှတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ ယူနွတ်က ပြောပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံက ရေလှောင်တမံတွေ ဖွင့်ချလိုက်တာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ရတာလို့ ဘင်္ဂလာဒေ့ရှ်ပြည်သူတွေက စွပ်စွဲထားပေမယ့် အိန္ဒိယဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
အနာဂတ်ရေကြီးရေလျှံ အန္တရာယ်ကို ကာကွယ်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ယူနွတ်က ပြောပါတယ်။ မုတ်သုံမိုးဆက်လက်ရွာသွန်းနေမယ်ဆိုရင် ရေကြီးရေလျှံ ဆက်လက်ဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက သတိပေးထားပါတယ်။
Ref:Reuters
Photo:Reuters/fs

Related posts

Leave a Comment

VOM News

FREE
VIEW