ဗန်းမော် ၇ မိုင်အနီး နဲ့ နောင်ချို တောင်ခမ်းဘက် တိုက်ပွဲ ပြင်းထန်နေ

ဩဂုတ် ၂၉ ၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ မိုးမောက်ကြား အခုရက်ပိုင်းမှာ တန်ပြန် စစ်ကြောင်းထိုးလာတဲ့ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့ အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“ဗန်းမော် ၇ မိုင် မရောက်ခင်မှာ တိုက်ပွဲ ပြင်းထန်နေတာ။ တအား ပစ်တယ်။ စစ်တပ်ဘက်က သူတို့ ဆုတ်ခွာထားခဲ့တဲ့ ဒီ ၄၃၇ ဘက်ကို စစ်ကြောင်း ပြန်ထိုးလာတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နှစ်ဖက် အထိအခိုက်တွေ များတယ်လို့ ကြားပြီး ဒေသခံပြည်သူတွေလည်း ရက်ပေါင်းများစွာ စစ်ဘေး ရှောင်ရတာကြောင့် တိုက်ပွဲ မဖြစ်စေချင်တော့ဘူး လို့ သူက ပြောပါတယ်။
“နောင်ချို တောင်ခမ်း ဘက်မှာ တိုက်ပွဲ တအား ဖြစ်နေတာ။ မနေ့ ဩဂုတ်လ ၂၇ ရက်ညက လက်နက်ကြီးတွေနဲ့ ။ တိုက်ပွဲက အရမ်းကြာလာပြီ။ ပြည်သူတွေပဲ ဒုက္ခ ရောက်တာ ” လို့ ဒေသခံ အမျိုးသား တယောက် က ပြောပါတယ်။
တောင်ခမ်း အနီးနားက ရွာတွေမှာ ရှိတဲ့ ဒေသခံတွေလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး တိုက်ပွဲဖြစ်ရာ အနီးနားက ရွာတွေမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူတွေရဲ့ နေအိမ် တချို့ ထိခိုက်ပျက်စီးတာကှိပေမယ့် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာဝော့ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။
လက်နက်ကြီးကြောင့် ကျောက်မဲ ရပ်ကွက် ၉ က အထက ၂ ကျောင်းဝင်း ဘောလုံးကွင်းမှာ ကျရောက်ပေါက်က်ကွဲခဲ့ပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်း စစ်ရှောင်သွားခဲ့ကြတဲ့ ကျောက်မဲ ဒေသခံပြည်သူတွေ တဖြည်းဖြည်းနဲ့ မြို့ထဲ ပြန်လာနေနေကြပြီ ဖြစ်ပေမယ့် မြို့ပေါ် လက်နက်ကြီးကျမှာ စိုးရိမ် ထိတ်လန့်ပြီး ဒီနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှာဝော့ ခိုတင့်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ထပ်တိုးလာကြောင်း မြို့တွင်း အရပ်သားပြည်သူတွေကို အကူအညီပေးသူတွေဆီက သိရပါတယ်။
စစ်ဘေးရှောင်စခန်းကနေ နေအိမ် ပြန်လာကြတဲ့ အခြေခံလူတန်းစား မိသားစုတွေဟာ အလုပ်အကိုင်ကမရှိ၊ နေအိမ်တချို့က ပျက်စီး၊ အိမ်ဖောက် ပစ္စည်းခိုးခံရလို့ စားစရာကမရှိ ဖြစ်နေကြရတဲ့ အပြင် ယမန်နေ့ မွန်းလွဲ ပိုင်းမှာ မိုးသည်းထန်စွာရွာလို့ ကျောက်မဲ ၉ ရပ်ကွက်နဲ့ တိလင် မြေနိမ့်ပိုင်း ရေလျှံလာလို့ ရေဘေး ထပ်ကြုံ ကြရတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်း မဟာမိတ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နေရာ ဒေသက ပြည်သူတွေဟာ အလုပ်အကိုင် အဆင်မပြေကြတဲ့ အပြင် လေကြောင်း အန္တရာယ်ကို စိုးရိမ် နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ ဗန်းမော် နဲ့ မိုးမောက်ကြားမှာ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲ ပြင်းထန်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ် တောင်ခမ်းရွာဘက်မှာ နစက တပ်ဖဲ့နဲ့ TNLA ပူးပေါင်း တပ်ဖဲ့တို့ အကြား နေ့စဉ် တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW