ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၇ ခု နဲ့ ဝန်ကြီး​တွေစာရင်း ပြည်​ထောင်စုလွှတ်​တော်အတည်ပြု

နေပြည်တော် ဧပြီ ၉ -၂၀၂၆
KKL(VOM)
ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဥ္စမနေ့ မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၇ ခုရဲ့အမည်စာရင်းတွကို လွှတ်တော်ကသဘောတူခဲ့ကြပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စတဲ့ကော်မတီဖွဲ့စည်းမှု ၂ ခုကို ပြည်ထောင်စုလွှတ်​တော်က အတည်ပြုပေးခဲ့ပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေအဖြစ် ခန့်အပ် တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန် ပေးသင့်တဲ့ ပုဂ္ဂိုလ်များ ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတဲ့ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၇ ခုမှာပါရှိတဲ့ အမည်စာရင်းတင်ပြခဲ့ကြတာတွေကို ကန့်ကွက် အမည်စာရင်းများ တင်သွင်းတာ မရှိခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အဆုံးအဖြတ်ရယူပြီး အတည်ပြုခဲ့တာပါ။
ဒါ့အပြင် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဖွဲ့စည်းမှု၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဖွဲ့စည်းမှုတွကိုလည်း ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့ပါတယ်။
မနက်ဖြန်ပြည်​ထောင်စုလွှတ်​တော်မှာ နိုင်ငံ​တော်သမ္မတနဲ့ ဒုသမ္မတ​တွေဟာ ပြည်​ထောင်စုလွှတ်​တော်နာယက​ရှေ့​မှောက်မှာ ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW