ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ စင်ကာပူခရီးစဉ် မနက်ဖြန်မှာ စတင်မယ်



နယူးယောက်၊ ဩဂုတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဩဂုတ် ၃၁ ရက်ကနေ စက်တင် ၂ ရက်ထိ စင်ကာပူကို သွားရောက်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုထုတ်ပြန်ထားပြီး ဒါဟာ ဂူတာရက်စ်ရဲ့ ပထမဆုံးသော စင်ကာပူ တရားဝင်ခရီးစဉ်လည်းဖြစ်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း စင်ကာပူသမ္မတ Tharman Shanmugaratnam ၊ ဝန်ကြီးချုပ်တို့ Lawrence Wong တို့အပြင် အကြီးတန်းဝန်ကြီးဖြစ်သူ လီရှန်လွန်းနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါအပြင် စင်ကာပူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ ကုန်သွယ်မှုဆက်ဆံရေးတာဝန်ခံ၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြန်ကြားရေးဝန်ကြီးဌာန ၊ ကျန်မားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

မစ္စတာဂူတာရက်စ်ဟာ ၂၀၂၂ ခုနှစ်အောက်တိုဘာလက စင်ကာပူမှာ ခရီးစဉ်တထောက် ရောက်ရှိခဲ့ဖူးပြီး နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်နဲ့ ခေတ္တတွေ့ဆုံခဲ့ပါတယ်။ လက်ရှိသူ့ရဲ့ခရီးစဉ်မှာတော့ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူတွေ လိုက်ပါမှာဖြစ်ပါတယ်။

ယခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင် ဘန်ကီမွန်းဟာလည်း ၂၀၁၂ ခုနှစ်မှာ စင်ကာပူကို တရားဝင် ခရီးစဉ်လာရောက်ခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှာ အလုပ်သဘော သွားရောက်ခဲ့ပါတယ်။

Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW