အီရတ်ရှိ အိုင်အက်စ်အဖွဲ့ ပစ်မှတ်တွေကို အမေရိကန်တိုက်ခိုက်မှု စစ်သွေးကြွ ၁၅ ယောက်သေဆုံး



ဘဂ္ဂဒက်၊ ဩဂုတ်-၃၁-၂၀၂၄
မျိုးဆက်(VOM)

အီရတ်ရှိ အိုင်အက်စ်စစ်သွေးကြွ ပစ်မှတ်တွေကို အမေရိကန်နဲ့အီရတ်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၁၅ ယောက်ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။

ပူးတွဲစစ်ဆင်ရေးအတွင်း လက်နက်တွေ အသေခံဗုံးတပ်ဆင်ထားတဲ့ ဝတ်စုံတွေ ၊ ခဲယမ်းမီးကျောက်အများအပြားနဲ့ အရေးကြီး စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အိုင်အက်စ်စစ်သွေးကြွတွေဟာ အမေရိကန် ၊ အီရတ်နဲ့ ဒေသတွင်း ဒေသပြင်မဟာမိတ်တွေရဲ့ အစီအစဉ် ၊ စုစည်းမှု၊ တိုက်ခိုက်နိုင်စွမ်းကို နှောက်ယှက်ဖို့ကြိုးပမ်းနေတဲ့ အိုင်အက်စ်ဗဟိုဌာနချုပ်မှ အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

စစ်သွေးကြွတွေ ခိုအောင်းနေတဲ့နေရာတွေကို ၊ လှိုဏ်ဂူတွေနဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ စစ်ဆင်ရေးတွေ လု်ပဆောင်ခဲ့တယ်လို့ အီရတ်စစ်တပ်က တာဝန်ရှိသူတွေကလည်း ဆိုပါတယ်။

တိုက်ခိုက်မှုမှာ အရပ်သားသေဆုံးမှုမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အမေရိကန် သို့မဟုတ် အီရတ်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

လက်ရှိချိန်ထိ အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ဝန်းကျင် အီရတ်မှာ ကျန်ရှိနေသေးပြီး အီရတ်တပ်ဖွဲ့ဝင်တွေကို အကြံပေးတာနဲ့ ကူညီတာတွေ ဆက်လက်လုပ်ဆောင်နေပြီး အိုင်အက်စ်တို့ကလည်း မကြခဏဆိုသလို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW