ရုရှားမှာ ရဟတ်ယာဉ်တစင်း ပျက်ကျမှု ပျောက်ဆုံးနေသူ ၂၂ ယောက်ကို အပူတပြင်းရှာဖွေနေ

မော်စကို၊ စက်တင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)
ရုရှားအရှေ့ဖျားပိုင်းမှာ ခရီးသည် ၂၂ ယောက်လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တစင်း ပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက အပူအပြင်းရှာဖွေနေကြပါတယ်။
ဒီရဟတ်ယာဉ်ဟာ ခရီးသည်တွေနဲ့အတူ ကမ်ချက်ကာကျွန်းဆွယ်ရှိ ဗက်ချ်ကာဇက်စ်မီးတောင်အနီး လေယာဉ်ကွင်းကနေ ပျံတက်သွားပြီးနောက် သိပ်မကြာခင်မှာ ရေဒါကနေ ပျောက်သွားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အဲဒီဒေသဟာ လှပတဲ့ ရှုခင်းတွေ မီးတောင်တွေကြောင့် ထင်ရှားကျော်ကြားတဲ့ ခရီးသွားနေရာတခုလည်းဖြစ်ပါတယ်။ မြူတွေထူထပ်စွာကျဆင်းပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။
Vityaz-Aero ကုမ္ပဏီက ပို်ငဆိုင်တဲ့ ရဟတ်ယာဉ်ဟာ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ အမ်အိုင်-၈ အမျိုးအစားဖြစ်ပြီး ရုရှားမှာ တွင်ကျယ်စွာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ရေဒါကနေ ပျောက်ဆုံးပြီး အဆက်အသွယ်ပြတ်မသွားခင်ထိ လေယာဉ်မှူးတွေဟာ လေယာဉ်နဲ့ပတ်သက်ပြီး ထူးခြားချက်တစုံတရာကို သတင်းပို့ခဲ့တာမရှိဘူးလို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ ခရီးသည် ၁၉ ယောက်နဲ့ အမှုထမ်း သုံးယောက်လိုက်ပါသွားပြီး မော်စကိုအရှေ့ဘက် မိုင် ၃၇၃၀ အကွာ တောင်ထူထပ်တဲ့ဒေသမှာ ပျက်ကျခဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်ကလည်း အဲဒီဒေသမှာ တလအတွင်း လေယာဉ်ပျက်ကျမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW