ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူရွေးပွဲ အာဏာရပါတီ စတင်

တိုကျို၊ စက်တင်ဘာ-၁၂-၂၀၂၄
မျိုးဆက်(VOM)
ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူရွေးပွဲကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပနေပြီဖြစ်ပါတယ်။
ဒီရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းတယောက်ရဲ့ သားဖြစ်သူနဲ့ အမျိုးသမီးတွေအပါအဝင် ကိုယ်စားလှယ်လောင်း ကိုးယောက်ထိ စံချိန်တင် ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ လူကြိုက်များခြင်းမရှိတဲ့ လက်ရှိဝန်ကြီးချုပ် ကီရှီဒါရဲ့ နေရာကို ဆက်ခံပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာမှာပါ။ မဲရလဒ်တွေကိုတော့ စက်တင်ဘာ ၂၇ ရက်မှာ ရေတွက်မှာ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ဆယ်စုနှစ်များစွာ ပြိုင်ဘက်မရှိ နိုင်ငံအာဏာကို ရယူထားနိုင်ခဲ့ပြီး ပါတီမှာ အမတ်နေရာအများစု ရရှိထားတာကြောင့် ပါတီကအဆိုတင်သွင်းသူဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ သေချာနေပါတယ်။
ပါတီခေါင်းဆောင်မှု ရွေးကောက်ပွဲမှာ ဦးဆောင်နေသူတွေထဲမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ဂျူနီချီရိုကိုင်ဇူမီရဲ့ သားဖြစ်သူ ပတ်ဝန်းကျင်ရေးရာဝန်ကြီး အသက် ၄၃ နှစ်အရွယ် ရှင်ဂျီရိုကိုင်ဇူမီလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။
ဒါအပြင် ဂျပန်နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးနှစ်ယောက်လည်း ပါဝင်နေပါတယ်။ ပါတီခေါင်းဆောင်မှု ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ ဝန်ကြီးချုပ်သစ်ဖြစ်လာမှာဖြစ်ပြီး အောက်တိုဘာနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာအစောပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။
Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW