အချုပ်အခြာပိုင်နက်အတွင်း ပြည်ပကျူးကျော်မှု မှန်သမျှ ချေမှုန်းပစ်မယ်လို့ တရုတ်စစ်တပ် သတိပေး



ပေကျင်း၊ စက်တင်ဘာ-၁၂-၂၀၂၄
ရတီ (VOM)

တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်နိုင်ငံရဲ့ အချုပ်အခြာပိုင်နယ်မြေအတွင်း ပြည်ပကျူးကျော်မှုမှန်သမျှ ချေမှုန်းသွားမယ်လို့ တရုတ်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတယောက်က သတိပေးပြောဆိုလိုက်ပါတယ်။

“တောင်တရုတ်ပင်လယ်ဟာ ငြိမ်းချမ်းရေးပင်လယ်အဖြစ်ရှိနေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ တရုတ်စစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး ဟီလိုင်က ကာကွယ်ရေးဖိုရမ်တခုရဲ့ ပြင်ပမှာ အေအက်ပီနဲ့ အခြားသတင်းသမားတွေကို ပြောပါတယ်။

အမေရိကန်က သူ့ရဲ့မဟာမိတ်တွေကို နောက်ကွယ်ကနေ အကွက်ရွှေ့မယ်၊ ထိပ်တိုက်ရင်ဆိုင်ရေး တွန်းပို့မယ် သို့မဟုတ် သူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် တရုတ်စစ်တပ်က ဘယ်တော့မှ စိတ်ရှည်သည်းခံမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

“တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ၊ အချုပ်အခြာနဲ့ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေအပေါ် ခိုင်မာတဲ့သန္နိဌာန်၊ ဆန္ဒ ၊ စွမ်းရည်တွေနဲ့အတူ ပြတ်ပြတ်သားသား ချေမှုန်းပစ်မယ် ”လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ တောင်တရုတ်ပင်လယ်အပါအဝင် အငြင်းပွားဖွယ် ရေပိုင်နက်မှာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုတဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ရှိနေပါတယ်။

မကြာသေးမီကလည်း တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်နဲ့ တရုတ်ကမ်းခြေစောင်တပ်တို့အကြား ထိပ်တိုက်ရင်ဆိုမှုတွေ ပိုမိုများပြားခဲ့ပြီး တောင်တရုတ်ပင်လယ်အရေး စိုးရမ်ပူပန်မှုတွေ ပိုမိုမြင့်တက်နေပါတယ်။

“ ဒီလိုတင်းမာမှုတွေနဲ့အတွက် ဆုံးဖြတ်ချက်က အမေရိကန်အပေါ် မူတည်တယ် ” လို့တရုတ်စစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး ဟီလိုင်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW