ယခုနှစ်သီတင်းကျွတ်ကာလ အပန်းဖြေနဲ့ ဘုရားဖူးခရီးထွက်ဖို့ ကြိုတင်စီစဉ်သူ နည်းပါး

အောက်တိုဘာ ၄ ၊၂၀၂၄
Ms(VOM)
ပွင့်လင်းရာသီကာလ သီတင်းကျွတ်ချိန်ကိုရောက်ရှိတော့မှာဖြစ်ပေမယ့် ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ ထံ အပန်းဖြေနဲ့ ဘုရားဖူးခရီးစဉ်တွေကို မေးမြန်းကာ ခရီးစဉ်ကြိုတင်စီစဉ်သူနည်းပါးလာတယ်လို့ ပြည်တွင်းခရီးသွားလက်မှတ်ရောင်းချသူတွေထံကသိရပါတယ်။
သီတင်းကျွတ်ပိတ်ရက်များအတွက် ခရီးသွားလိုသူတွေကနှစ်စဉ် စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလအစတွေမှ ခရီးစဉ်ကြိုတင်စုံစမ်းကာမေးမြန်းမှုတွေရှိပေမယ့် ယခုနှစ် သီတင်းကျွတ်ပိတ်ရက်ခရီးစဉ် တွေကိုတော့ စုံစမ်းမေးမြန်းသူနည်းပါနေတယ်လို့ဆိုပါတယ်။
” အခုက ကိုယ်တွေ ခရီးသွားစီစဉ်သူတွေလည်း ပြီးခဲ့တဲ့လက မုန်တိုင်းရေကြီးတာတွေနဲ့ အပန်းဖြေခရီးတွေ အပျော်ခရီးစဉ်တွေအတွက် လက်မှတ်ရောင်းဖို့ အဆင်ပြေပါ့မလားစဉ်းစားပြီး package tourတွေ ကြေငြာတာနောက်ကျတယ်။ အခုလအစမှ ခရီးစဉ်နဲ့ဈေးနှုန်းတွေ ကြော်ငြာကြရတယ်။ လက်ရှိတော့ ခရီးစဉ်တွေကို စိတ်ဝင်စားပြီးလာမေးသူနည်းနေပါတယ်”လို့ travel me ပြည်တွင်းပခရီးသွား ဝန်ဆောင်မှုမှ တာဝန်ရှိသူကပြောပါတယ်။
ပွင့်လင်းရာသီခရီးသွားလာသူတွေအနေနဲ့ ပုဂံ၊ ချောင်းသာ၊ငွေဆောင်၊ ကလော၊အင်းလေး၊ ပင်းတယ၊တောင်ကြီး ခရီးစဉ်တွေကို အများဆုံးသွားလာတတ်ကြပေမယ့် ယခုနှစ်မှာ ရှမ်းပြည်နယ်ကခရီးသွားဒေသတွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေသလို ပုဂံဒေသမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့ ခရီးသွားတွေ အနေနဲ့ ချောင်းသာ၊ငွေဆောင် အပန်းဖြေခရီးတွေကိုသာ ရွေးချယ်ရနိုင်တယ်လို့ သိရပါတယ်။
လတ်တလော မှာ မြန်မာနိုင်ငံရဲ့ခရီးသွားဒေသမြို့ကြီးဖြစ်တဲ့ပုဂံဒေသအတွင်း မနှစ်ကထက်ခရီးသွားဝင်ရောက်မှု လျော့နည်းနေတာနဲ့ အိမ်နီးချင်းခရီးသွားအနည်းငယ်အပြင် မြန်မာခရီးသွားတွေသာ လာရောက်မှာရှိနေတယ်လို့သိရပါတယ်။
” မြန်လူမျိုးခရီးသွားတွေပဲအခုက လာတာများတယ်။နိုင်ငံခြားသားတွေကတော့ europen တွေကတော့လုံးဝမလာသလောက်ပဲ။ လာတဲ့လူတွေကလည်း မြန်မာအနီးနားဝန်ကျင်ကတရုတ်တို့ ၊ထိုင်းအဲ့လောက်ပဲ နောက်ရုရှား ၊ သူ့ဘာသူကျောပိုးအိတ်နဲ့လာတဲ့ အဲဒီလိုလူ နည်းနည်းလောက်ပဲရှိတယ်။ packageတွေကတော့zeroလောက်ပ ဲလုံးဝကိုမရှိသလောက်ပဲ။ နှစ်တိုင်းလာတည်းနေတဲ့ဧည့်သည်တွေက လာပြန်တည်းတာမျိုးပဲ ရှိတယ်။ packageနဲ့ကအခုမရှိသေးဘူး။ ပုဂံမှာခုတလောရေကြီးတယ်ကြားတော့ အကုန်လုံးကစိတ်ပူကြတယ်။ပုဂံရေကြီးတာက ရေတက်ရချိန်ပဲကြီးတာပါ။သီတင်းကျွတ်လ တွေမှာတော့လုံးဝရေကြီးပြီးမြုပ်သွားတယ်ဆိုတာမျိုးတော့မရှိပါဘူး။အခုလောလောဆယ်က မိုးရွာတာလည်းနောက်နည်းလာပြီး ရွာတော့မှာမဟုတ်လို့လာလည်မယ်ဆိုရင်အဆင်ပြေပါတယ်။
ဒီနှစ်က မနှစ်ကထက်စာရင်တော့ အတော်လေးနည်းသွားတယ် ။သီတင်းကျွတ်မှာ မနှစ်ကဟိုတယ်တိုင်း အကုန်အပြည့်နီးပါရှိတယ်။ ဒီနှစ်ကတော့မနှစ်ကလိုမဟုတ်တော့ဘူးပြောရရင်လူတွေစီးပွား ရေးနဲ့ အခြေအနေတွေကျပ်တည်းသွားတာလည်း ပါမယ်။ထင်ပါတယ်။” လို့ ပုဂံမြို့သီရိဂေဟာဟိုတယ်ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ယခုနှစ် သီတင်းကျွတ်အားလပ်ရက် ပိတ်ရက်များအတွက် ပင်လယ်အပန်းဖြေနေရာတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင် နဲ့ ငပလီ ၊မောင်းမကန်၊ စက်စဲ ခရီးစဉ်ဒေသတွေထဲမှာတော့ လတ်တလော နိုင်ငံရေးနဲ့ရာသီဥတု အခြေအနေများအရ ချောင်းသာ၊ငွေဆောင်ခရီးစဉ်ဒေသ နှစ်ခုအတွက်သာ ပြည်တွင်းခရီးသွားလုပ်ငန်းများက package tour စီစဉ်ထားမှုရှိနေတယ်လို့သိရပါတယ်။
” အခုအခြေအနေက ခရီးစဉ်အတွက်ကများများစားစားရှိမနေဘူး ငပလီကလည်း ခရီးသွားဖို့အဆင်မပြေတော့ဘူး။ ငွေဆောင်နဲ့ ချောင်းသာလောက်ပဲစီစဉ်နိုင်တာ အဲဒီ့ဘက်တွေကတော့ အသွားအလာက သိပ်မပြတ်ဖူး မိုးတွင်းလည်းသွားနေကြတာရှိတယ်ဆိုတော့ ဒီခရီးစဉ်တွေပဲ အားကိုးနေရပါတယ်”လို့ travel me ပြည်တွင်းပခရီးသွား ဝန်ဆောင်မှုမှ တာဝန်ရှိသူကပြောပါတယ်။
ချောင်းသာနဲ့ ငပလီ အပန်းဖြေဒေသတွေကို ပြီးခဲ့တဲ့၂၀၂၃ခုနှစ်ပွင့်လင်းရာသီအတွင်း ခရီးသွားသောင်းချီဝင်ရောက်ခဲ့ကာ ချောင်းသာကမ်းခြေဒေသတစ်ခုထဲမှာ ၂၀၂၃ခုနှစ်အောက်တိုဘာမှ ၂၀၂၄ခုနှစ် ဇန်နဝါရီ လ အထိ ခရီးသွား ၄သိန်း၄သောင်းကျော် ဝင်ရောက်မှုရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်။
Photo-CJ

Related posts

Leave a Comment

VOM News

FREE
VIEW