MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေ‌ကြောင်းနဲ့ လေးကြိမ် ထပ်တိုက်

အောက်တိုဘာ ၄ -၂၀၂၄
Shy V VOM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို နစကတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်နေ့ မနက် အစောပိုင်းမှာ လေ‌ကြောင်းနဲ့ လေးကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
“လေးခေါက်တောင်ရှိသွားပြီ။ ပထမ တခေါက်က ရပ်ကွက် ၈ ထဲက 121 အနောက်ဘက် လမ်းကြား လို့ပြောတယ်။ လူ ထိခိုက်မှု မရှိဘူးလို့တြော သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီ ၁၃ မိနစ်မှာ တခေါက်၊ ၄ နာရီ ၈ မိနစ်မှာ တခေါက်၊ ၅ နာရီ ၁၅ မိနစ် မှာ တခေါက် နဲ့ ၅ နာရီ ၂၀ မိနစ်မှာ တခေါက်ကြဲသွားတာလို့ သူက ပြောပါတယ်။
“လားရှိုးမြို့ကို အောက်တိုဘာလ ၄ ရက်နေ့ မနက် ၂ နာရီ ကနေ ၅ နာရီ ၃၀ မိနစ် အတွင်း လေယာဉ်နဲ့ လေးကြိမ် ဗုံးကြဲသွားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဗုံးကြဲသွားတဲ့ နေရာ သုံးခုကို နေရာ မသိသေးတာကြောင့် ‌ဗုံးကျတဲ့နေရာနဲ့ ထိခိုက် ပျက်စီးမှုတွေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ညကလည်း လားရှိုးရပ်ကွက် ၁၂ မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရလို့ ဒေသခံ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲဘပြီး အိမ်ခြေပေါင်း ၃၀ ထက်မနည်း ပျက်စီးသွားတာ ဖြစ်ပါတယ်။
Photo Crd# Gong Hanying

Related posts

Leave a Comment

VOM News

FREE
VIEW