မန္တလေး ၊ အောက်တိုဘာ ၆-၂၀၂၄
Voice Of Myanmar (VOM)
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မကောင်းတဲ့အတွက် လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အခုတပတ်အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့
” မနေ့က သွေးတွင်းအောက်ဆီဂျင်ထိုးကျတယ်၊မနေ့ နေ့လယ်လောက်က ပြည်သူ့ဆေးရုံ ICU မှာ အောက်ဆီဂျင်နှာခေါင်းပိုက်ပေးပြီးကုသတယ်၊အသက်သိပ်မရှုနိုင်ဘူးထင်တယ်၊အောက်ဆီဂျင်တက်မလာသေးဘူး။အကျဥ်းဦးစီးကတော့ လွတ်ငြိမ်းပေးတယ်”လို့ ပြောပါတယ်။
နောက်ထပ် လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးကလည်း
” ဒီတပတ်ထဲမှာ လွတ်ငြိမ်း ပေးထားတယ်လို့ သိရတယ်၊ ကျန်းမာရေးအခြေအနေကတော့ မကောင်းပါဘူး၊ အခုတပတ်အတွင်းမှာပဲ ဖြစ်သွားတာပါ”လို့ ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင် ရဲ့ မိသားစုအသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရသေးတဲ့အတွက် သတင်းအတည်ပြုဖို့ ခက်ခဲနေပါတယ်။
နောက်ထပ်အသေးစိတ်သိရသမျှကိုတော့ ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ပုံစာ – ယခင် NLDအစိုးရလက်ထက်က VOMရဲ့ အင်တာဗျူးကို လက်ခံဖြေဆိုနေပုံ
Related posts
-
နစကဥက္ကဋ္ဌ ဘီလာရုဇ်နိုင်ငံကို သွားရောက်ဖွယ်ရှိ
အောက်တိုဘာ ၆-၂၀၂၄KKO(VOM)နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုအောက်တိုဘာလလယ်အတွင်း ဘီလာရုဇ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့... -
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
အောက်တိုဘာ ၆ – ၂၀၂၄SN (VOM)လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေ ပြန်လည်... -
ဖယ်ခုံအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်နေလို့ အခက်ကြုံနေရ
အောက်တိုဘာ-၆၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ...