လားရှိုးကနေ နမ္မတူဘက်အထွက် အီနိုင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိ

အောက်တိုဘာ ၁၄၊ ၂၀၂၄
Shy V VOM
ကိုးကန့် MNDAA နဲ့ ပူးပသိါင်း တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားရာ လားရှိုးမြို့ အနီး လားရှိုး ကနေ နမ္မတူဘက် အထွက် အီနိုင်းရွာ အောက်တိုဘာလ ၁၃ ရက်နေ့ ည သန်းခေါင်ကျော် အချိန်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွဆီက သိရပါတယ်။
အမျိုးသား သုံးယောက် သေဆုံးပြီး အမျိုးသမီး တယေက် နဲ့ လေးနှစ်အရွယ် ကလေးတယောက် ထိခိုက် ဒဏ်ရာရတယ်ပြီး ဘုရားကျာင်းနဲ့ လက်ရှိ ဖွင့်နေတဲ့ မူကြိုကျောင်းရော ထိတယ်။ ဒေသခံတယောက်က ပြောပါတယ်။
“ခရစ်ယာန် ဘုရားကျောင်းထိတယ်။ ဘုရားကျာင်း ခြံဝန်းထဲက ခန်းမဆောင်ရာထိတယ်။ မူကြိုကျောင်းရာ ထိသွားတယ်။ အတောက်အဦး ထိခိုက်ပျက်စီးတာများတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ည သန်းခေါင်ကျော် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁၄ မိနစ်ကြားမှာ ဗုံးကြဲ တိုက်ခိုက်ခံရတာဖြစ်ပြီး ကြဲချခဲ့တဲ့ ဗုံး ၇ လုံးခန့်ရှိကာ အဲဒီထဲမှာ ပေါင် ၅၀၀ နှစ်လုံး ပါတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွက လားရှိုးမြို့နယ် အီနိုင်းဘက်တွေကို ယနေ့မနက်အစောပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အီနိုင်း ေလေကြာင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက် တပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်တော့ မတွေ့ရသေးပါဘူး။
လားရှိုးမြို့ကို MNDAA နဲ့ ပူးပါင်း တပ်ဖွဲ့ သိမ်းပိုက်လိုက်ပြီးနောက် နစကတပ်ဖွဲ့က လားရှိုးမြို့ပေါ် အပါအဝင် လားရှိုး အနီးဝန်းကျင် လေကြောင်းနဲ့ ၁၆ ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်ပြီလို့ ဒေသခံတွက ပြောပါတယ်။
Photo Crd# လားရှိုး ပြန်လည်ထူထောင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW