ပြုံးယမ်း၊ အောက်တိုဘာ-၂၉-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဟာ ရုရှားကို သွားရောက်နေပြီး ဒါဟာ ကင်ဂျုံအန်ရဲ့ နောက်ထပ်ရုရှားခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။
ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ဟာ ယခုနှစ်ကုန်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နှစ်ဘက်အကြား တွေ့ဆုံဆွေးနွေးမှုဟာ ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကြက်ချထားမှုတွေလည်း ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။
ရုရှားအနောက်ပိုင်း ကာ့စ်ဒေသကို မြောက်ကိုရီးယားတပ်တွေ ဖြန့်ကြက်ချထားကြောင်း နေတိုးအကြီးအကဲက မနေ့က ထပ်မံအတည်ပြုပြောဆိုထားပြီး နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းမှု နက်ရှိုင်းလာတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။
ရုရှားကတော့ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကြက်ချထားခြင်းဟာ တတိယနိုင်ငံတခုကို မရည်ရွယ်ဘူးလို့ ပြောဆိုထားပါတယ်။ တကယ်လို့ ရုရှားကို တာဝေးပစ်လက်နက်တွေနဲ့တိုက်ဖို့ ယူကရိန်းကို ခွင့်ပြုချက်ပေးခဲ့မယ်ဆိုရင် အမေရိကန်နဲ့ နေတိုးအဖွဲကို နည်းမျိုးစုံနဲ့ တုံ့ပြန်သွားမယ်လို့ ပူတင်က သတိပေးထားပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဟာ မနေ့က ပြုံးယမ်းလေဆိပ်ကနေ ရုရှားကို သွားပြီလို့ မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ သတင်းစာကလည်း ရေးသားဖော်ပြထားပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ ဆက်လက်ဆွေးနွေးဖွယ်ရှိနေပါတယ်။ ဒီစာချုပ်မှာတော့ နိုင်ငံတနိုင်ငံတိုက်ခိုက်ခံရပြီဆိုရင် နောက်တနိုင်ငံက စစ်ရေးအရ ကူညီပေးဖို့လည်း ပါဝင်နေပါတယ်
Ref:NHK
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...