ပေကျင်း၊ နိုဝင်ဘာ-၇-၂၀၂၄
ရတီ(VOM)
တရုတ်-အမေရိကန် ဆက်ဆံရေးတည်ငြိမ်စေဖို့ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တရုတ်သမ္မတ ရှီကျင်းပင်က တိုက်တွန်းလိုက်ပါတယ်။
တည်ငြိမ်ကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်တွေနဲ့လည်း ကိုက်ညီတယ်လို့ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရန့်ကို ဂုဏ်ပြုတဲ့သဝဏ်လွှာမှာ ရှီကျင်းပင်က ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အကျိုးဖြစ်ထွန်းမှုတွေရှိခဲ့သလို ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် ဆိုးကျိုးတွေရင်ဆိုင်ခဲ့ရတယ်ဆိုတာကိုလည်း သမ္မတရှီကျင်းပင်က ထောက်ပြခဲ့တယ်လို့ နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။
နှစ်ဦးနှစ်ဘက် အပြန်အလှန်လေးစားမှု ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူတွေကို လိုက်နာကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ဆိုပါတယ်။ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေကို အခွန်စည်းကြပ်မှုတွေ ထပ်မံခြိမ်းခြောက်မှုတွေ ပေါ်ပေါက်နေချိန်မှာ ကွဲပြားမှုတွေကို လက်တွေ့ဆန်ဆန်ချဉ်းကပ်ဖို့ တိုက်တွန်းထားကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
အခွန်စည်းကြပ်မှုတွေ တင်းတင်းကြပ်ကြပ်လုပ်မယ်လို့ ကတိပြုထားတဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကတော့ ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ကို ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဇန်နဝါရီလမှာ သမ္မတတာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
ထရန့်ရဲ့ အနိုင်ရရှိမှုဟာ ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့တဲ့ ၂၀၁၇ -၂၀၂၁ ခုနှစ် သူ့ရဲ့ သမ္မတပထမသက်တမ်းက ပြသနာတွေကို ပြန်လည်ရှင်သန်စေနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
တရုတ်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေးဟာ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးအပါအဝင် ကုန်သွယ်နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် နှစ်ပေါင်းများစွာ တင်းမာနေခဲ့ပါတယ်။
Ref:CNA
Photo:Reuters
Related posts
-
ရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်... -
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ...