မော်စကို၊ နိုဝင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းမှာ ပြုလုပ်နေတဲ့ ရုရှားရဲ့စစ်ဆင်ရေး ရည်မှန်းချက်တွေကို ပြောင်းလဲဖို့ သမ္မတပူတင်က ရည်ရွယ်ချက်မရှိကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။
သမ္မတပူတင်ဟာ စစ်ဆင်ရေးပန်းတိုင်ကို ပြောင်းမယ်လို့ တခုမှမပြောဘူးကြောင်း၊ ရည်မှန်းချက်တွေက ယခင်နည်းတူပဲလို့ ကြိမ်ဖန်များစွာ ပြောခဲ့တယ်လို့ သူကဆိုပါတယ်။ ပူတင်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့လည်း ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမေရိကန်ပြည်သူတွေ ယုံကြည်စိတ်ချလို့ ရွေးချယ်လိုက်တဲ့ ဘယ်သူနဲ့မဆို လက်တွဲလု်ပဆောင်သွားမယ်လို့ သမ္မတပူတင်က ပြောဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့ထဲကို ယူကရိန်းဝင်ရောက်မယ့် ကိစ္စကို ပယ်ချခြင်းအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဆိုပြုချက်တွေကို ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုနဲ့ ကရိုင်းမီးယားဒေသကို ရုရှားရဲ့ အချုပ်အခြာအာဏာစက်အတွင်း ထည့်သွင်းဖို့ဆိုတာ လက်ခံရမယ်လို့ ပူတင်က အခိုင်အမာဆိုပါတယ်။ ရုရှား-ယူကရိန်းနယ်နိမိတ်ဟာ ဒေသခံတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ရေးဆွဲသင့်တယ်လို့လည်း သူကပြောပါတယ်။
ယူကရိန်းကတော့ ရုရှားရဲ့တောင်းဆိုချက်တွေကို ပယ်ချထားပြီး ယူကရိန်းပိုင်နက်တွေ ပြန်လည်ရရှိရေးနဲ့ ရုရှားတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုနေပါတယ်။ လက်ရှိမှာတော့ ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရောက်ရှိနေပြီး ယူကရိန်းနယ်စပ်ထိ ဖြန့်ကြက်ထားကြောင်း သတင်းများအပေါ် နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။
Ref:NHK
Photo:Reuters
Related posts
-
ရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်... -
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ...