တောင်ကြီးမှာ လက်နက်ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ၂/မှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ဆေးမှု တင်းကြပ်နေ

ZY(VOM) နိုဝင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက်၊ ညပိုင်းက လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ကယားပြည်နယ် မှတ်ပုံတင် ၂/ ကိုင်ဆောင်ထားသူတွေကို စစ်ဆေးမှုတင်းကြပ်ထားသလို ရပ်ကွက်တွေကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ အေးသာယာစက်မှုဇုန်၊ ရပ်ကွက် ၁၃၊ လမ်းအမှတ် ၂၀ရှိ ဒေါ်သန်းသန်းနု (လွိုင်ကော်ဇာတိ) ပိုင်ဆိုင်တဲ့ ပြောင်းအခြောက်ခံစက်ရုံကို သတင်းအရ ဝင်ရာက်စစ်ဆေးရှာဖွေခဲ့ရာ ကယားပြည်နယ်၊ မော်ချီးမြို့ကို ပို့ဆောင်မယ့် လက်နက်အမြောက်အများကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ စက်ရုံပိုင်ရှင်ကို ဖမ်းဆီးစစ်ဆေးနေပြီး ပတ်သက်ဆက်နွယ် သူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေသလို အေးသာယာနဲ့ တောင်ကြီးမြို့တွင်းရပ်ကွက်တွေကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်တွေကို တင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “လက်နက်မှုနဲ့ပါတ်သက်ပြီး ဆက်စပ်ပါတ်သက်တဲ့ ကယားဒေသခံ ၁၂ယောက်…

Read More

မူဆယ် ကျယ်ဂေါင် – ဆင်ဖြူ ဂိတ်ကနေ ကုန်စည် သယ်ဆောင်ခွင့် ပိတ်လိုက်လို့ ကုန်ပစ္စည်းတချို့ ပြတ်လပ် စျေးတက်

နိုဝင်ဘာ ၁၁၊ ၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်၊ ဆယ် ကျယ်ဂေါင် – ဆင်ဖြူ ဂိတ်ပေါက် ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် တရုတ်စံတော်ချိန် ၈ နာရီကစ ကုန်စည် သယ်ဆောင်ခွင့် ပိတ်လိုက်သလို မူဆယ်ဘက်ခြမ်းမှာ ကုန်ပစ္စည်း တချို့ပြတ်လပ် စျေးတက် နေတာတွရှိ‌ေကြာင်း ဒေသခံတွဆီက သိရပါတယ်။ “ဆိုင်ကယ်တွ ပစ္စည်း သယ်ဆောင်လို့ မရတော့လို့ ပစ္စည်းတွေ ချပြီး ပြန်လာနကြပြီ။ မန့်ဝိန်းဂိတ်လည်း မဖွင့်ပါဘူး” လို့ ဆိုင်ကယ်နဲ့ ပစ္စည်း သယ်ဆောင်‌‌တဲ့ အမျိုးသား တယောက်က ပြောပါတယ်။ ဒီနေ့ မနက်ကစ တရုတ်ဘက်ကနေ ပစ္စည်း တင်ထားတဲ့ ဘာယာဉ်ကိုမှ မြန်မာ ဘက် ထွက်ခွင့် မပြုဘူးလို့…

Read More

ဖိလစ်ပိုင်မှာ တိုင်ဖွန်းကြောင့် ကျေးရွာ ၂၅၀၀ ကျော်က ဒေသခံတွေကို ဘေးလွတ်ရာပြောင်းဖို့ အမိန့်ထုတ်

မနီလာ၊ နိုဝင်ဘာ-၁၁-၂၀၂၄ မျိုးဆက်(VOM) အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့တဲ့ ဖိလစ်ပိုင်နို်ငငံမှာ တလတာကာလအတွင်း လေးကြိမ်မြောက်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ကျေးရွာထောင်ပေါင်းများစွာက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်း တိုရာဂျီဟာ မြို့တော်မနီလာ အရှေကမြောက်ဘက် ကီလိုမီတာ ၂၂၀ အကွာ ဒီလာဆက်မြို့အနီး အရှေ့မြောက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး အပျက်အစီးနဲပ ထိခိုက်ပျက်စီးမှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသည်းထန်စွာရွာတာတွေ သစ်ပင်လဲကျတာတွေရှိပြီး မနေ့ကလည်းက လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကာ ပျက်စီးမှုတွေကို အကဲဖြတ်ဖို့ အပြင်ထွက်မရသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒီနာလန်ဂန်နဲ့ အနီးက ဘယ်လာအပါအဝင် ကမ်းရိုးတန်းဒေသတွေက လူ ၁၄၀၀ ကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသား သဘာ၀ဘေးရုံးက ဘေးလွတ်ရာ ရွှေ့ပြောင်းရသူ…

Read More

ဟဇ်ဘိုလာအဖွဲနဲ့ ယာယီအပစ်ရပ်ဖို့ အစ္စရေးစဉ်းစားနေ

တဲလ်အဗစ်၊ နိုဝင်ဘာ-၁၁-၂၀၂၄ရတီ(VOM)အစ္စရေး အစိုးရဟာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ ယာယီအပစ်ရပ်ဖို့ စဉ်းစားနေကြောင်း အစ္စရေးအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။လက်ဘနွန်မှာ တိုက်ပွဲတွေ ထပ်တိုးမလာအောင်တားဆီးဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရက မကြာသေးမီသီတင်းပတ်တွေအတွင်း အစ္စရေးအစိုးရကို နို်ငငံရေးအရ ဖိအားတွေပေးခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်ဘနွန်တောင်ပိုင်းမှာလည်း မြေပြင်ထိုးစစ်ဆင်နေပါတယ်။လက်ဘနွန်တောင်ပိုင်းမှာတော့ မနေ့ကပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးခုနှစ်ယောက်အပါအဝင် လူ ၂၃ ယောက်သေဆုံးခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း ၃၀၀၀ ကျော်လာတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။လက်ဘနွန်အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးအရာ အစီအစဉ်တရပ်အတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်နဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ ပဋိပက္ခများအတွင်း လူပေါင်း ၁ ဒသမ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး…

Read More

This Day in History

Voice of Myanmar ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာမိတ်အင်အားကြီးနိုင်ငံများနှင့် ဂျာမနီတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ခြောက်နာရီအကြာတွင် ပထမကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့လေသည်။

Read More

ကျပ်ငွေစက္ကူတချို့ ဖျက်သိမ်းဖွယ်ရှိကြောင်း ကောလာဟလ ဖြန့်ဝေသူတွေကို အရေးယူမယ်

နိုဝင်ဘာ ၁၁ – ၂၀၂၄SS (VOM)တရားဝင် ထုတ်ဝေထားတဲ့ ကျပ်ငွေစက္ကူတချို့ ဖျက်သိမ်းဖွယ်ရှိကြောင်း ကောလာဟလ ဖြန့်ဝေသူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ နိုဝင်ဘာက ၁၀ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ မြန်မာ့ငွေစက္ကူတချို့ ဖျက်သိမ်းနိုင်ဖွယ် ရှိနေတဲ့အပြင် အသစ်တွေ အစားထိုးဖွယ် ရှိနေပြီး ဘဏ်တွေလည်း ပိတ်သိမ်းတော့မှာဖြစ်တဲ့အကြောင်း သတင်းမှားတွေ ဖြန့်ဝေမှုတွေ ရှိနေ‌တယ်လို့ သိရပါတယ်။ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ သတင်းမှားတွေ ဖြန့်‌ဝေနေတဲ့ လူပုဂ္ဂိုလ်တွေ၊ Page နဲ့ Group တွေရဲ့ Admin တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အမှန်အတိုင်း သိရှိစေဖို့ ဗဟိုဘဏ်…

Read More

ရုရှား မော်စကိုမြို့တော်ကို ယူကရိန်းက ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်

မော်စကို၊ နိုဝင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားနိုင်ငံ မော်စကိုနဲ့ အခြေားဒေသခြောက်ခုကို ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ရုရှားကလည်း ယူကရိန်းကို ဒရုန်းအများအပြားနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ အကြီးအကျယ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ ဒရုန်း ၃၄ စင်းကို မော်စကိုမြို့ပေါ်မှာ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ရုရှားနိုင်ငံ မော်စကိုနဲ့ အနီးဝန်းကျင်ဒေသတွေကို ချဉ်းကပ်လာတဲ့ ယူကရိန်း ဒရုန် ၈၄ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ယူကရိန်းဒရုန်းတွေကြောင်း အဓိက လေဆိပ်သုံးမှာ လေယာဉ်တွေ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ရုရှားဟာလည်း ယူကရိန်းဘက်ကို ပြီးခဲ့တဲ့ စနေနေ့ညက ဒရုန်း၁၄၅ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး အများစုကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က နှစ်ဘက်စလုံးကို ဖိအားပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေချိန်မှာ ဒရုန်းတိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်ခဲ့တာပါ။လက်ရှိမှာတော့…

Read More

တန်ဆောင်တိုင်ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက အရေးယူမယ်

ZY(VOM)နိုဝင်ဘာ ၁၁၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်ရဲ့ ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားပါတယ်။တန်ဆောင်တိုင်ပွဲကို တောင်ကြီးတက္ကသိုလ်အနီးရှိ အဝေရာကုန်းသာယာကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။“မိန်းလမ်းကနေတော့ ဝင်လို့မရဘူး။ သစ်တောဂိတ်ဖက်ကနေ ဝင်လို့ရမယ်၊ အနောက်မြို့ပါတ်လမ်းအတိုင်း မြို့ရှောင်လမ်းကနေ ရထားသံလမ်းလမ်းဆုံဂိတ်ဖက်ကနေ ဝင်လို့ရမယ်။ အဲဒီ ၂နေရာလုံးမှာ ဂိတ်တွေရှိမယ်။ ကား၊ ဆိုင်ကယ်တွေ လိုင်စင်မပါရင် ဝင်လို့မရဘူး။ ဆိုင်ကယ်အပ်တဲ့နေရာတွေအထိ လိုက်စစ်မယ်လို့ ပြောတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက VOMကို ပြောပါတယ်။ဒါ့အပြင် ပွဲဝင်မုဒ်ဦးဝင်ပေါက်မှာ X-Rayစက်ထားရှိကာ လုံခြုံရေးစစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ နစကဥက္ကဌ တက်ရောက်မှာဖြစ်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။အခုနှစ်မှာ ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို…

Read More
VOM News

FREE
VIEW