နိုဝင်ဘာ ၁၄-၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်၊ မွန်းလွဲပိုင်းအချိန်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် တောင်ကြီးတန်ဆောင်တိုင်ကိုလာတဲ့ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။
မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ–အောင်ပန်း-ရွှေညောင်-တောင်ကြီးအထိ သွားလို့ရတဲ့ လမ်းပိုင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့စစ်ဆေးနေတဲ့အတွက် ဒီညနေ ပိုင်းအထိ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေတာဖြစ်ပြီး အများစုဟာက တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာတဲ့ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ဟန်မြင့်မိုရ်က တက်လာရင် ရွာငံမြို့အဝင်မရောက်ခင်နားလေးမှာ သေနတ်သံတွေ ဆက်တိုက် ကြားလိုက်ရတယ်။ အဲဒီနားမှာတော့ ရွာငံအဝင် စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်လိုဟာမျိုး ရှိတယ်၊ အဲဒါကို လာပစ်တာ ထင်တယ်။ သေနတ်သံတွေကြားတော့ ကားတွေအကုန်လမ်းဘေးချရပ်ထားလိုက်တယ်။ ညနေအထိ စစ်ဆေးနေတာမပြီးသေးတော့ ကားရာနဲ့ချီပိတ်နေတာ”လို့ ခရီးသွားတယောက်က VOMကို ပြောပါတယ်။
အဲဒီလမ်းပိုင်းကိုဖြတ်သန်းလာတဲ့ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်တွေကို လုံခြုံရေးစစ်ဆေးနေတာကြောင့် ဖြတ်သန်းခွင့်မပြုသေးတာဖြစ်ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကို သေချာမသိရသေးသလို သေနတ်သံ ၁၀ချက်ထက်မနည်း ကြားလိုက်ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတယောက်က ဆိုပါတယ်။
ရွာငံမြို့နယ်မှာ အရင်က နစကနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အခြေစိုက်ထားတာ မရှိပေမယ့် နစကက အာဏာရယူပြီးနောက်မှာတော့ နစကတပ်ဖွဲ့က တပ်စွဲထားတာရှိသလို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ပြီး နစကနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။
ဓာတ်ပုံ-KN
Related posts
-
ရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်... -
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ...